Daisy(4)

504 70 51
                                    

<Unicode>

တစုံတယောက်အတွက်တော့ ကိုယ်ကအရေးပါဆုံးလူဖြစ်ချင်ခဲ့တာ

ကိုယ်ဘယ်လိုလူလဲဆိုတာ ခဏလောက်မေ့ထားရင်းပေါ့

••••••••

"​​သောက်မလား"

ဆေးလိပ်သောက်နေတဲ့တယောက်ကသူ့ဆေးလိပ်ဘူးကိုကျတော့်စီထိုးပေးပြီးလောကွတ်လုပ်နေသည်
ကိုယ်လဲငြင်းရမှာလဲခက် သောက်လဲသောက်ကြည့်ချင်နှင့် တလိပ်ဆွဲယူမည်အလုပ်

"Wu Yi Fan!"

"..!hyung....မင်္ဂလာပါ"

နောက်ကhyungအော်သံကြောင့်လန့်ပြီးမတ်တပ်ထရပ် နှုတ်ဆက်တာကိုယ်တယောက်ထဲတော့မဟုတ်
နားချိန်မို့လို့စုရုံးထိုင်နေကြတာ ဒီလိုအချိန်ဆိုhyungကသူ့အခန်းထဲသူနေနေကျလေ
အခုမှ ထွက်လာတာ

ရှားပါးတဲ့တိုက်ဆိုင်မှုဖြစ်ရတယ်လို့

"နောက်တခါဆိုမင်းသေမယ် sunho"

"တောင်းပန်ပါတယ် hyungnim"

ကျတော့်ကိုဆေးလိပ်ကမ်းပေးတဲ့တယောက်အားhyungကမီးထတောက်မတတ်ကြည့်ပြီးပြောတော့သူလဲခေါင်းမဖော်စတမ်းတောင်းပန်နေရသည်
Hyungကကျတော့်ကိုဆေးလိပ်သောက်ခွင့်မပေးဘူးလေ
ဒီလူတွေထဲမှာမသောက်တဲ့သူဆိုတာမရှိသလောက်ပဲ
ကျတော်သာ

"Hyung....ဒီနေ့က.."

"စောစောပြန်ခဲ့...သွားတော့"

ဒီနေ့hyungမွေးနေ့လေ...အဲ့ဒါ ကျတော်မှတ်မိကြောင်းဖြစ်ဖြစ် ဂုဏ်ပြုစကားဖြစ်ဖြစ် ပြောချင်ခဲ့တာ
ဒါပေမဲ့လဲ...

အလုပ်ကပထမဖြစ်နေတဲ့အတွက်ကျတော်ဘာမှမပြောသာခဲ့ပဲထွက်လာလိုက်တယ်
ဒီနေ့စောစောပြန်ရမှာဆိုတော့ အလုပ်ကိုစောစောအပြီးသတ်ရမယ်..

သွားရမဲ့နေရာက သိပ်မဝေး...
ပိုက်ဆံကောက်(အကြွေးတောင်း)ဖို့သွားရမဲ့ရပ်ကွက်မရောက်ခင် ပန်းခြံလေးတခုကိုဖြတ်သွားရသည်

"လှလှလေးရိုက်ဟာ ပြန်ရိုက်"

ပန်းခြံထဲမှာဓာတ်ပုံရိုက်နေတဲ့ကောင်မလေးတွေကိုမြင်တော့cameraရူးလေးကိုသတိရမိသည်..
သူ့cameraကိုကိုယ်ဖျက်စီးလိုက်ထဲက သူ့စီက တချပ်ချပ်အသံထပ်မကြားရတော့ပေ
နောက်ထပ်တလုံးမရှိတော့တာများလား..

Daisy(Completed)Where stories live. Discover now