Daisy(15-1)

380 54 28
                                    

<Unicode>

(ဖြောင်းးးးးး)

"မင်းးကိုယုံမိတာ ငါ့ရဲ့အကြီးဆုံးအမှားပဲ!"

"ပျော်တယ်လားး ဟမ်! ငါ့ကိုအရူးလုပ်ရတာပျော်လား yifan!"

(ဖြောင်းးးးးး)

"အ့.."

တကိုယ်လုံးကိုအားနဲ့လွှဲလွှဲရိုက်ပစ်ရင်းhyungရဲ့ဒေါသတကြီးပြောဆိုသံတွေက အခန်းထဲလွှမ်းနေသည်

မိုးရေတချို့စိုစွတ်နေတဲ့အကျီစပေါ်မှာ အနီရောင်အငွေ့အသက်တွေကပါရောထွေးလျက်

တချက်ရိုက်လိုက်တိုင်းခေါင်းပင်ဆတ်ခနဲလန်ထွက်သွားရလောက်အောင်နာကျင်သည်
ဘေးခန်းကyeollieကြားသွားမှာစိုးရိမ်တာကြောင့် အတတ်နိုင်ဆုံးကိုနှုတ်ခမ်းကိုဖိကိုက်ကာမအော်မိအောင်ကြိုးစားနေရသည်

(ဖြောင်းးးးးး)

"အားးး.... အ့"

အချက်30လောက်ကျတော့ လူကမလှုပ်နိုင်တော့ စပ်ဖျင်းဖျင်းနဲ့နာကျင်မှုအပြင်အထင်လွဲနေတဲ့hyungစီကကျတော့်ကိုရွံမုန်းတဲ့အကြည့်တွေကြောင့်ခံနိုင်ရည်လျော့ကျလာခဲ့သည်

ကျတော့်ကိုသတ်ပစ်လိုက်လဲရတယ် Hyung..
ဒါပေမဲ့ အဲ့လိုမျိုးတွေမကြည့်ပါနဲ့
ကျတော့်အတွက်hyungပဲရှိခဲ့တယ်ဆိုတာရှင်းပြနေရဦးမှာလား

"မင်း အခုနာတာကငါခံစားရတာရဲ့တဝက်တောင်မရှိဘူး မင်းသိလား Wu Yi Fan!!"

ခါးပတ်ကိုပစ်ချလိုက်တဲ့hyungမျက်ဝန်းကစိုစွတ်နေသယောင်မို့ ကျတော် yeollie'ဓာတ်ပုံကိုလွှတ်မပစ်ခဲ့မိတာ နောင်တအကြီးအကျယ်ရနေမိသည်

ဟုတ်ပါတယ် တအိမ်ထဲမှာ...ဟင့်အင်း hyungကိုယ်တိုင် yeollieကိုကျတော်နဲ့ခဏအတူထားလိုက်သေးတာမလား ကျတော်ကရိုးရိုးသားသားလို့ထင်ပြီးတော့လေ...

အရူးလုပ်ခံရသလိုခံစားနေရမယ်မှန်းကျတော်သိတယ်
ခွင့်မလွှတ်ပေးနိုင်မှန်းလဲသိတယ် ဒါပေမဲ့ ကျတော်ဘယ်တုန်းကမှhyungကိုသစ္စာမဖောက်ခဲ့ဘူးဆိုတာယုံကြည်ပေးပါ..

"တောင်း..တောင်း ပန်ပါတယ် hyung..အ့"

အသက်ရှူကျပ်သွားရခြင်းမှာကျတော့်လည်ပင်းအားအတင်းဖမ်းညှစ်ထားသောhyungလက်တစုံကြောင့်
ရုတ်တရက်မို့အံ့သြသွားရပေမဲ့
​hyung'မျက်ဝန်းစီက ခပ်ဖြေးဖြေးစီးကျလာသော အရည်ကြည်တချို့ကြောင့် ကျတော့်..လည်ပင်းကတင်းကျပ်မှုကိုပင်မေ့လျော့သွားသယောင်

Daisy(Completed)Where stories live. Discover now