Daisy(13)

379 58 60
                                    

<Unicode>

"Yeolသဘောကျလား"

"အွန်းး ဟိဟိ
ဦးကချစ်ဖို့ကောင်းလိုက်တာ"

အခန်းပြင်ပြီးသွားရင်ပိုအဆင်ပြေလာမယ်ထင်ခဲ့ပေမဲ့တကယ်တမ်းတော့မဟုတ်
Hyungကyeollieစိတ်တိုင်းကျပြင်ဆင်ပေးထားတာတွေကိုပြတော့ သူလေးက သဘောတွေကျနေခဲ့တယ်

ကျတော်ကဘေးကကြည့်နေရုံပေါ့
ကိုယ်ကြည့်နေလို့လားမသိ ထိုကလေးကတမင်ရွဲ့ကာ ကိုယ့်hyungကိုaegyoတွေထုတ်သုံးနေသည်

"လိုချင်တာရှိရင် ဦးကိုပြောနော် yeol"

"ဟုတ်ကဲ့ ဦး"

သူ့ကိုမချစ်တာသေချာလားမေးပြီးတဲ့နေ့ထဲက hyungအနားမှာကြောင်တကောင်လိုပွတ်သီးပွတ်သပ်လုပ်နေတော့တာ
ကိုယ့်ကိုတော့စကားတောင်ကောင်းကောင်းမပြော

ဒီကလေး အပြောင်းအလဲသိပ်မြန်လွန်းသည်

ကိုယ်လဲထိုမြင်ကွင်းကိုဆက်မကြည့်နိုင်တော့တာကြောင့်မီးဖိုချောင်ထဲဝင်လာကာရေခဲသေတ္တာထဲမှာsojuတပုလင်းထုတ်ပြီး ပုလင်းလိုက်မော့ချလိုက်သည်

ခါးသက်သက်အရသာရှိတဲ့sojuကကိုယ်ခဏခဏသောက်လွန်းလို့ပဲလား အရသာမရှိတော့သလို

စိတ်ညစ်တိုင်း ပင်ပန်းတိုင်းသောက်နေတာ..
ပြောရရင်အချိန်တိုင်းပါပဲ..
Yeollieကိုကျတော်စွန့်လွှတ်လိုက်ရတုန်းထဲကပေါ့

"ဟင် ​ကုန်တောင်ကုန်သွားပြီလား"

မော့တာမှ3ခါလောက်သာရှိဦးမည် ပုလင်းအလွတ်ပဲကျန်တော့တာကြောင့်ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်
ငါတကယ့်ကိုအရက်သမားဖြစ်နေပြီပဲ

(ခွမ်းးးး)

"!ဟာကွာ"

ရေခဲသေတ္တာထဲကနေနောက်တပုလင်းအထုတ်ချော်ပြီး ကြမ်းပြင်ပေါ်ခွမ်းခနဲကျသွားသည်
​ပျံ့ကျဲကုန်သည့်အစအနတွေကတနေရာစီ

ဘယ်လိုတွေဖြစ်နေတာလဲကွာ ကိုယ့်ကိုယ်ကိုတောင်စိတ်ပျက်လာပြီ Fuck!

"မင်းအခုတလော သောက်နေတယ်
ဘာစိတ်ညစ်စရာရှိလို့လဲ Yifan"

"!hyung"

ဘယ်တုန်းကဘယ်လိုရောက်လာမှန်းမသိတဲ့hyungကကျတော်သိမ်းနေတဲ့ပုလင်းကွဲစတွေရှေ့မှာရပ်လျက်
ကိုယ်ဒီတလောဖြစ်ပျက်နေတဲ့ပုံစံကိုhyungလဲသတိထားမိမှာပါ
ကျတော်ကတော့ဆက်လိမ်နေရဦးမှာပဲ

Daisy(Completed)Where stories live. Discover now