Daisy(15-2)

403 63 36
                                    

<Unicode>

"ဦး....အဆင်ပြေရဲ့လား ဟင်"

"ခဏလောက်သွားနားလိုက်ပါ yeolစောင့်နေပေးမယ်"

ခပ်မျှင်းမျှင်းကြားရသောအသံမှာ..ကျတော်နှင့်မနီးမဝေးနေရာက..
ဘာမှမခံစားနိုင်သေးရင်တောင်ထိုအသံပိုင်ရှင်ကyeollieမှန်းကိုယ်သိသည်

စိတ်ကိုတင်းရင်းလက်ချောင်းတွေကိုကြိုးစားပြီးလှုပ်ရှားကြည့်သည်
လေးလံနေသောမျက်ခွံတွေကို အတင်းအားယူကာ ဖွင့်တော့ အလင်းရောင်က စူးခနဲ
အပြည့်မပွင့်သေးတဲ့မျက်လုံးနဲ့အရာအားလုံးကိုခပ်မှေးမှေးသာမြင်ရသည်

"ဟင် သတိရပြီလား hyung!...."

ကိုယ့်မျက်လုံးရှေ့ကိုရောက်လာသည့်သူလေးကဝမ်းပန်းတသာနှင့်
ကိုယ်လဲ yeollie လို့ခေါ်ချင်ပေမဲ့ လည်ပင်းက hyung​ဖမ်းညှစ်ထားခဲ့တုန်းကလိုတင်းကျပ်ဆို့နစ်နေတာကြောင့်အသံမထွက်နိုင်သေး

"ဦးးးရေ ဦးးး hyung သတိရပြီ!"

ကိုယ့်hyungကိုအပြေးလေးသွားခေါ်ပြီး နှစ်ယောက်အတူ ကိုယ့်ဘေးနားပြန်ရောက်လာကြသည်
Yeollieကအပျော်လွန်ပြီးမျက်ရည်တွေဝဲလို့
Hyungကတော့ကျတော့်ကိုသေချာမကြည့်ပဲမျက်လွှာချထားခဲ့သည်

Hyungကျတော့်ကိုစိတ်ပျက်သွားပြီလား မကြည့်ချင်လောက်အောင်လေ..

အာ ဟင့်အင်း အဲ့လိုဆိုရင်အသေသတ်ပစ်လိုက်မှာ ကျတော်ကုတင်ပေါ်ဒီလိုလှဲနေစရာအကြောင်းမရှိဘူးလေ

ဒါဆို hyung..ကျတော့်ကိုအားနာနေတာလား

"နာနေသေးလားဟင် hyung"

Yeollieကကျတော့်လက်ကိုသူ့ပါးမှာကပ်ရင်းမေးတာဖျော့တော့တော့နှင့်
ကိုယ်လဲစကားမပြောနိုင်ပေမဲ့ခေါင်းကိုတော့ဖြေးဖြေးချင်းခါပြလိုက်သည်

တကိုယ်လုံးကစပ်ဖျင်းဖျင်းနဲ့နာနေပြီးလည်ပင်းကလဲတမျိုးကြီးခံစားနေရတုန်း
ဒါပေမဲ့ အဲ့အချိန်တုန်းကခံစားရသလောက်တော့မဆိုးဝါး

"ဦးး...hyungနဲ့ခဏနေလိုက်ဦး..
Yeolစားစရာလေးတခုခုသွားလုပ်လိုက်မယ်"

Yeolတမင်ရှောင်ပေးမှန်းကိုယ်သိသည် နှစ်ယောက်ထဲပြောရမဲ့စကားတွေhyungမှာရှိနေတာမို့လို့လားမသိ..

Daisy(Completed)Where stories live. Discover now