Daisy(9)

460 67 52
                                    

<Unicode>

"နေ့လည်စာ..စားသွားပါလား"

"..ဟင်...အင်းး ဟင့်အင်း မစားတော့ဘူး..ငါသွားတော့မယ်...
နောက်လကျမှလာခဲ့မယ်"

ဟိုတခါကပိုက်ဆံ3သောင်းလိုနေတဲ့အမျိုးသမီးစီကငွေအိတ်ကိုကိုင်ပြီး သတိလက်လွတ်နဲ့ ထိုင်နေခဲ့တာ
သူကမကောင်းတတ်လို့ နေ့လည်စာကျွေးတာကိုတောင်​မကြားတကြားဖြစ်ရသေးသည်

အိမ်တခါးကထွက်လာပြီးသည့်တိုင် ကိုယ့်စိတ်တွေရှုပ်ထွေးနေစဲ..

yeollie....

Hyung....

နှစ်ယောက်လုံးကကိုယ်သိပ်ချစ်ရတဲ့သူတွေ
ကိုယ့်ဘဝကိုကယ်တင်ပေးထားတဲ့လူတွေ
Hyungကကျတော့်အသက်ကိုကယ်တင်ပေးခဲ့ပြီး Yeollieကသေသွားတဲ့ကိုယ့်နှလုံးသားကိုပြန်အသက်သွင်းပေးခဲ့တယ်

ကျတော်ထင်တယ်
Hyung...yeollieကိုချစ်နေတယ်လို့..
ချစ်တယ်လို့သာမပြောသေးတာhyungရဲ့ပုံစံကသိသာတယ်လေ

ကျတော်ဘာလုပ်သင့်လဲ...
Yeollieကကျတော့်ကိုချစ်နေတယ်
ကျတော်လဲချစ်တယ် ဒါပေမဲ့ ဖွင့်မပြောနိုင်ဘူး

"Arjimahhh...sojuနောက်တပုလင်းပေးပါ"

ကုန်နေတဲ့ပုလင်းကိုဇောက်ထိုးလှန်ရင်း နောက်တပုလင်းထပ်တောင်းတော့ ကိုယ့်စားပွဲပေါ် ပုလင်းအသစ်ထပ်ရောက်လာတယ်

စိတ်ညစ်နေတဲ့အချိန်မှာသောက်တာကအကောင်းဆုံးပဲလေ
ကျန်တာဘာလုပ်ရဦးမှာလဲ
မူးရင်အကုန်မေ့သွားရော...ခေါင်းတွေလဲမူးး စိတ်တွေလဲမူးး အချစ်တွေလဲရူးးးးးး

(ဂွပ်)

(Chap)

"အင်"

မော့ချအပြီး ခွက်ကိုစားပွဲပေါ်ပြန်ချလိုက်ချိန်မှာပဲ  ချပ် ခနဲအသံကြားလိုက်ရတာကြောင့် ဘယ်သူလဲဆိုတာကိုယ်သိပြီးသား

လမ်းဘေးဆိုင်ထဲဝင်လာသည့်ကလေးက cameraကိုလက်ထဲတယုတယကိုင်လျက်

"Yeollie...ဒီကိုဘာလာလုပ်တာလဲ"

"ဒီမှာကြည့်...ပုံလေးထွက်လာပြီ"

ကိုယ်ဝယ်ပေးထားတဲ့ instax mini cameraနဲ့ ကိုယ့်ပုံပြန်ရိုက်လိုက်ပြီး ဓာတ်ပုံပြနေသည်
ဖြစ်သလိုထိုင်ပြီးအရက်သောက်နေသည့်ကိုယ့်ပုံကကြည်ကြည်လင်လင်

Daisy(Completed)Where stories live. Discover now