Daisy(18)

358 59 44
                                    

<Unicode>

"Hyung အရမ်းများနေပြီ"

သုံးယောက်အရက်ဝိုင်းထောင်နေကြတာ ကိုယ်တို့အထဲမှာတော့hyungကအသောက်ဆုံး
ဘာစကားမှမပြောပဲတခွက်ပြီးတခွက်သာမော့ချနေလေသည်

ကိုယ်တားသာတားရတာ ပြီးရင်hyungကတားလို့နိုင်တာလဲမဟုတ်

Hyungဘယ်လောက်သောက်သောက်အသိလွတ်လောက်အောင်မူးသွားတာလဲမမြင်ဖူး
ကျတော့်hyungကသိပ်ကိုတည်ငြိမ်လွန်းသည်

"​ဒီတဝက်ကုန်ရင်တော်ပြီ"

လက်ထဲကအရက်ပုလင်းကိုပြပြီးပြောတဲ့hyungကိုမနိုင်တာကြောင့်ခေါင်းညှိမ့်လိုက်ရသည်
Yeollieကတော့ တခွက်မော့ချပြီး

(ဘုန်းးးး)

ခုံပေါ်ခေါင်းမှောက်ကျသွားတာကြောင့်ကိုယ်ပဲတွဲကာသူ့အခန်းထဲကကုတင်ပေါ်ချပေးရသည်

သိပ်ပြီးသောက်နိုင်တာလဲမဟုတ်ပဲ လူကြီးတွေနဲ့လာပြိုင်သောက်နေတာ ကလေးစုတ်လေး

အပြင်တွေလျှောက်သွားဓာတ်ပုံလိုက်ရိုက်တာလောက်ကလွဲလို့ဘာမှမယ်မယ်ရရမလုပ်တတ်

"အင်းးးး အ ရုပ် ပေးးး"

လူးလွန့်ပြီးခပ်လေးလေးအသံနဲ့အရုပ်တောင်းနေတဲ့ကလေးကမျက်လုံးကိုမဖွင့်
ဘေးကအရုပ်တရုပ်လက်ထဲထည့်ပေးလိုက်မှဖက်ကာအိပ်သွားလေတော့သည်

ကိုယ်လဲhyungကိုတယောက်ထဲမဖြစ်စေချင်တာကြောင့်မအိပ်သေးပဲ ခုနကနေရာကိုပြန်လာလိုက်သည်

Hyung'အလုပ်စားပွဲမှာသောက်နေကြတာလေ

"Hyung
ကျတော်မေးစရာရှိတယ်"

"အင်းး"

အရက်ထပ်ငှဲ့နေသည့်hyungအားပြောမဲ့စကားလုံးတွေကိုသေချာစီရီပြီး သတ္တိမွေးရသည်

တချို့မေးခွန်းတွေကသေမတတ်မေးချင်ပေမဲ့လဲတဖက်ကတုံ့ပြန်မှုကိုတွေးမိတာနဲ့တင်ဘာမှမမေးရဲတော့တာမျိုး

Hyungဆိုပိုဆိုးပေါ့ ညှာတာမှုမှမထားတတ်တာ

"..ခေါင်းအုံးအောက်ကဓာတ်ပုံက...hyung'ညီလေးလား"

ဘာလို့ခိုးကြောင်ခိုးဝှက်ယူကြည့်ရတာလဲဆိုပြီး ပုလင်းနဲ့ကျတော့်ကို ရိုက်တော့မယ် ထင်ထားတာ ပေမဲ့ တကယ်တမ်းတော့အဲ့လိုမဟုတ်

Daisy(Completed)Where stories live. Discover now