Daisy(2)

684 70 54
                                    

<Unicode>

"ညောင်းလိုက်တာ ကွာာာာ~~~"

လမ်းဘေးပလက်ဖောင်းမှာဆောင့်ကြောင့်ထိုင်ပြီးbeerတဘူးမော့လိုက်တယ်

နေကပူရတဲ့အထဲ လျှောက်လိုက်ရတဲ့လမ်း...တောင်းလိုက်ရတဲ့အကြွေး
သုံးလိုက်ရတဲ့လက်သီး...

ခြေထောက်တွေနာ/လည်ချောင်းတွေနာပြီးလက်ဆစ်တွေလဲနာနေပြီ..
လူမိုက်ဖြစ်ရုံလောက်မို့လို့ပဲ Gangsterသာဆိုရင်ကိုယ့်တကိုယ်လုံးအမှုန့်ဖြစ်မယ်ထင်

(Chap)

(chap)

Cameraအသံကြားပြန်တာကြောင့်ကြည့်လိုက်တော့
ဟိုတခါကခွေးကောင်လေးပဲ
ဘာတွေလိုက်ရိုက်နေတယ်မသိဘူး တချပ်ချပ် နဲ့
ရိုက်တတ်တာလဲမဟုတ်ပဲcameraရူးရူးနေတာ

အာ ဒါနဲ့ ငါ့ပုံရော ဖျက်ပြီးရဲ့လားမသိဘူး

"ဒီမှာ..."

Cameraတလုံးကိုင်ပြီးဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတဲ့ဟာလေးရဲ့ပခုံးကနေဆွဲလှည့်ပြီးမျက်နှာချင်းဆိုင်လိုက်တော့ ပါးစပ်ကနားရွက်တက်ချိတ်မတတ်ပြုံးနေတာ
သြော် သူ့မှာပါးချိုင့်လေးလဲပါတာပဲ...

"​အော် ဟိုတခေါက်က လူဆိုးကြီးပဲ"

"ငါ့.."

"ရေဆာနေလို့ တိုက်ဦး"

ကိုယ့်လက်ထဲကဘီယာဘူးကိုယူပြီးမော့ချလိုက်တာ တားချိန်ပင်မရလိုက်..
ကိုယ့်ပုံတွေဖျက်ပြီးပြီလားမေးမလို့လေ....

Wait!..ကိုယ့်နှုတ်ခမ်းနဲ့ထိပြီးသောက်ထားတာကို သူသောက်လိုက်တယ်ဆိုတော့! အဲ့ဒါက..
အဲ့ အဲ့ဒါက!...

"​တငုံလောက်လေးသောက်တာကို ပြူးတူးပြဲတဲနဲ့ဘာဖြစ်နေတာလဲ"

ဘီယာလုသောက်လို့ဖြစ်နေတာမဟုတ်ဘူးလေ..
သူနဲ့ကိုယ် သွယ်ဝိုက်ပြီးအနမ်းပေးသလိုဖြစ်သွားလို့ ဖြစ်နေတာ

ရည်ရွယ်ချက်ကိုပျောက်ရော

Wu Yi Fan..မင်းကလူမိုက်နော် romanceဆန်ချင်မနေနဲ့
ဒီဟာလေးအချိုးမပြေရင်ဘာမှသည်းခံစရာမလိုဘူး

"မဟုတ်ပါဘူး...ငါ့ပုံဖျက်ပြီးပြီလားမေးမလို့"

"ဟင့်အင်း...ကျတော်ဓာတ်ပုံပြိုင်ပွဲထဲထည့်မလို့...
အရိုင်းအစိုင်း ဆိုတဲ့ခေါင်းစဥ်နဲ့"

Daisy(Completed)Onde histórias criam vida. Descubra agora