Daisy(7)

511 70 57
                                    

<Unicode>

"Hyung ကျတော်လဲလိုက်မယ်"

"မလိုက်ရဘူး yifan"

ကျတော်စိတ်ပူမိတာက အခုချိန်ထိတခါမှယူမသွားဖူးတဲ့သေနတ်ကိုhyungယူလိုက်တာကြောင့်ပင်

လိုလိုမယ်မယ်ဆိုပြီးဝယ်ထားတဲ့ထိုသေနတ်ကိုhyungကိုယ်တိုင် အံဆွဲထဲထည့်သိမ်းပြီးဘယ်သူ့ကိုမှမကိုင်ခိုင်းခဲ့တာ

"ကျတော်စိတ်မချလို့ပါ လိုက်ခွင့်ပေးပါ hyung"

တခါးဖွင့်လို့မရအောင် တခါးရှေ့ပိတ်ရပ်ပြီးပြောနေမိတာ ကျတော်အရမ်းကလေးဆန်နေပြီမှန်းသိပါတယ်

ဒါပေမဲ့ ဒါပေမဲ့
Hyungကိုစိတ်ပူတယ် ကျတော်ကသိပ်တော်တဲ့ကာကွယ်သူကြီးမဟုတ်ပေမဲ့ hyungအနားမှာရှိနေချင်တယ်

"ဖယ်စမ်း yifan"

"အင့်.."

ဆွဲဆောင့်ပြီးဘေးကိုဖယ်ပစ်တာ ကျတော်လွင့်ထွက်မတတ်
Hyungတပည့်တွေက နောက်ကနေ တညီတညာနဲ့စက်ရုပ်တွေလိုပါသွားကြတယ်

ဧကန္တ.... မနက်ကသူဌေးjo kwonလာခဲ့တာ..
Hyungနဲ့ မူးယစ်ဆေး​အရောင်းအဝယ် အတူတူလုပ်ဖို့များ...ar ni
အဲ့ဒါလုပ်ဖို့လာဆွယ်တာတော့မဟုတ်လောက်ဘူးမလား

"...မဟုတ်ပါစေနဲ့"

ကိုယ့်အခန်းထဲမှာ ဂနာမငြိမ်ဖြစ်ပြီးခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်

မဟုတ်ပါစေနဲ့...hyungအဲ့လောက်ထိတော့မလုပ်ပါဘူး
အရမ်းအန္တရာယ်များတာ..တခုခုများချို့ယွင်းသွားရင် အဖွဲ့နှစ်ခု တိုက်ခိုက်ကြ သတ်ကြတာလေ
ဒီလောက်ရှုပ်ထွေးပြီး..အန္တရာယ်များတဲ့အလုပ်ကိုhyungမလုပ်လောက်ပါဘူး

မေးချိန်တောင်မပေးလိုက်ဘူး...တားတာလဲမရဘူး ကျတော့်ကိုလဲကြိုမပြောဘူး

ဝမ်းနည်းတာကတမျိုး စိတ်ပူတာကတမျိုး သိမ်ငယ်တာကတခါ နဲ့ လူကပူထူပြီးရူးချင်နေပြီ

တချိန်က...တချိန်က hyungနဲ့အတူရှိနေချိန်ကိုတွေးမိရင်....

*ဒီမှာနေပြီး ငါ့စီမှာအလုပ်လုပ်ပါ*

နေကောင်းခါစကျတော့်ကို ပြောလာတဲ့စကားတခွန်းကြောင့်​ပျော်သွားရတယ်

Daisy(Completed)Where stories live. Discover now