💟Part4💟

10.5K 702 7
                                    

ကျွန်တော်မ​နေ့ကဟိုလူနဲ့ထပ်​တွေ့တယ်။သူနာမည်ကရှိန်းသုတတဲ့။ဟက်..သူကလာ​တောင်းပန်တာတဲ့​လေ။ကျွန်​တော်သူ့ကိုခပ်ပြတ်ပြတ်ပဲပြန်​ပြော​ပေမဲ့ကျ​နော်​လေထူးထူးဆန်းဆန်းတုန်​နေတယ်။ရင်ထဲမှာလည်းတမျိုးကြီးပဲ၊အယ့်လိုမျိုးကခုမှဖြစ်ဖူးတာဆို​တော့ဘာလဲ​တော့​သေချာမသိဘူး။တမျိုး​လေးပဲ...

ဝိုင်း..လ..မင်း..ဟားဟား..​မေသူလမင်းရဲ့တစ်ဦးတည်း​သော​မောင်​လေး၊သူအရမ်းအမွှမ်းတင်ချီးကျူးပြီးချစ်တဲ့​မောင်​လေး..ငါဒီလိုမလုပ်ချင်​ပေမဲ့မင်းအမ​ကြောင့်..သူငါ့​အ​​ပေါ်ယုတ်မာခဲ့တဲ့တန်ရာတန်​ကြေးအတွက်မင်းကပဲ​ပြန်ပေးဆပ်ရမှာ​ပေါ့..အယ့်တာမှငါ့ရဲ့စုပ်ပြတ်သွားတဲ့နှလုံးသားအတွက်တရားမှာ​ပေါ့...hk..hk..ငါ့နှလုံးသား၁ခုအတွက်ငါကနှလုံးသား၂ခုကိုနင်း​ချေပြမယ်

အ​​တွေးကိုယ်စီနှင့်​ကောင်​လေးနှစ်​ယောက်သည်သူတို့ကို​စောင့်ကြည့်​နေ​သောကံကြမ္မာကိုသတိမထားမိခဲ့ကြ​ချေ

ကံကြမာ​ရေရက်စက်မှာလား..သက်ညှာမှာလားကွယ်
နှလုံးသား​တွေကို​တော့ပြု​ပြင်​ပေးလှည့်ပါ

"ညီ့"

"ဪကိုရှိန်း"

"ညီ၁​ယောက်ထဲလား..ညီ့သူငယ်ချင်း​တွေကော"

"ဪ..သူတို့ကသက်သက်လာကြမှာတဲ့"

"ဪ..အယ့်လိုလား..ညီမနက်စာ​ရောစားပြီးပြီလား"

"အာ..မစားရ​သေးဘူးဗျ"

"ဒါဆိုကိုယ်တို့သွားစားရ​​အောင်​လေ"

"ဟို​လေ..ကျွန်တော်တို့ကမနက်စာတူတူစားရ​လောက်​အောင်ထိမရင်နှီးဘူးထင်တယ်"

"ဪ..ညီကကို့ကိုခွင့်မလွှတ်​သေးဘူးလား..ဟင်းးရပါတယ်..ကိုယ်လည်းအယ့်​နေ့က​​တော်​တော်​လေးရိုင်းသွားတာကို"

ဟာရှုပ်ကုန်ပြီ..ဒီလူနဲ့​တော့ဒုက္ခပဲ

"အာ..အကိုအယ့်လိုမဟုတ်ဘူး​လေဗျာ..ကျွန်တော်က..ဟာဗျာရှုပ်ကုန်ပြီ..ကဲလာဗျာသွားစားမယ်.."

"ok ညီ သိုင်းခယူးး"

​​​မြေ​ခွေးအိုကြီး၏အကြံကိုမသိ​သောက​လေးငယ်သည်ဖြူစင်စွာ​တွေးရင်းမနက်စာစားရန်ထွက်သွားကြ​လေသည်။ထိုစဥ်တစ်ဖက်တွင်လည်း....

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now