💟Part18💟

11.2K 606 8
                                    

အခန်းထဲသို့​ရောက်သွား​သောအခါတိတ်ဆိတ်​နေ​သောအခန်းကျဥ်း​လေး၏​ထောင့်ရှိ၁​ယောက်အိပ်ကုတင်​လေး​ပေါ်သို့မီးပိတ်ကာတက်လာကြသည်။နံရံရှိ​နေလို့သာအိပ်ရတာနဲနဲအဆင်​ပြေ​နေခြင်းဖြစ်သည်။နို့မို့ဆိုနှစ်​ယောက်လုံး၁ညလုံးပြုတ်ကျ​နေမယ့်အဖြစ်။မဆဲ​သေး​သောမိုးသည်​ဒေါသထွက်၍​အော်ငို​နေသလိုပင်၊လေကြမ်းများတိုက်ကာပို၍ပင်သည်းထန်လာခဲ့သည်။လျှပ်စီးများလက်ကာမိုးကြိုးများတဂျိမ်းဂျိမ်းနှင့်အဲကွန်းမရှိ​သောအခန်း​လေးထဲထိပင်စိမ့်ချမ်းလာခဲ့သည်။

မီးအိမ်​လေးကိုဖွင့်ကာနှစ်ဦးသား တစ်ထည်တည်း​သော​စောင်ကိုခြုံလိုက်ကြသည်။

ဘာရယ်​ကြောင့်မသိကျွန်တော့်ရင်​တွေခုန်ပြီးရင်းခုန်​နေခဲ့သည်..တားလို့ပင်မရ...ကုတင်​သေး​သေး​လေးတွင်လူ၁​ယောက်နှင့်ပထမဦးဆုံးတူတူအိပ်ရလို့များလား...ဒါမှမဟုတ်သူ့​ကြောင့်လား...အာ..ထားပါ..မနက်အလုပ်တက်ရမယ်..အိပ်​ပျော်​အောင်အိပ်ရမယ်။အိပ်​​​ပျော်​အောင်အိပ်ရမယ်....

ကျွန်တော့်ဘေးတွင်ကိုယ်​လေး​ကွေးကာအိပ်​နေ​သောဝိုင်း​လေး၏မျက်နှာ​လေးသည်ပဂတိအပြစ်ကင်းစင်လျက်..ကျွန်တော်ကြည့်​နေရသည်ကိုပင်အားမရ​သော​ကြောင့်မျက်နှာအနှံ့ဖွဖွ​လေးလိုက်ကိုင်​နေမိသည်။

မျက်လုံး​လေး
နှာ​ခေါင်း​လေး
နှုတ်ခမ်း​​လေး.
ပါး​လေး
နားရွက်​လေး...
၁ခုမကျန်အလွတ်မှတ်သား​နေခဲ့သည်...."ပြွတ်...ချစ်တယ်"...အိမ်မက်လှလှမက်ပါ​စေ...တီးတိုး​လေး​ပြောရင်းသာကျွန်တော်လည်းအိပ်စက်ခြင်းစီသို့.....

မိုးလင်း​သောအခါမျက်စိဖွင့်လိုက်သည်နှင့်ကျွန်​​တော်နှင့်မျက်နှာချင်းဆိုင်လျက်ခန့်ညား​သောမျက်နှာ၁ခု...အိပ်စက်​နေသည်မှာအလွန်​အေးချမ်းလှသည်...မနက်ခင်း၏အလင်း​ရောင်​ဖျော့​ဖျော့​အောက်တွင်သူသည်​တောက်ပ​နေခဲ့သည်...ကျွန်တော်​​တောင်မသိလိုက်ခင်မှာပဲသူ့ပါး​ပေါ်တွင်ကျွန်တော့်လက်​ရောက်​နေခဲ့သည်....ထို့​နောက်မျက်လုံးများပွင့်လာကာကျွန်တော့ကိုကြည့်​နေခဲ့သည်။ကျွန်တော်လည်းရုတ်တရက်လက်ဖယ်ဖို့ပင်သတိမရ....ကျွန်တော့်ကိုတလှည့်သူ့ပါး​ပေါ်ကလက်ကိုတလှည့်နှင့်ကြည့်ရင်းသူအလုပ်ရှုပ်​နေခဲ့သည်......

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now