💟Part12💟

11.2K 728 26
                                    

​ဒေါက်တာနှင့်​ဆွေး​နွေးပြီး​နောက်ကျွန်တော်အိမ်သို့ပြန်လာရန်​ဆေးရုံမှထွက်လာခဲ့သည်။

​ဆေးရုံ​ရှေ့​ရောက်​တော့ကားငှားရန်ကြည့်မိ​သောအခါကျွန်တော်ဝတ်လာ​သောအကျီနှင့်အိပ်ကပ်ထဲတွင်ပါလာ​သောဖုန်းသာပါသည်။

ကျွန်တော်ဘယ်လိုပြန်ရမလဲ...​ဒေါက်တာ့ဆီကပိုက်ဆံ​ချေးသွားရမလား...မ​ကောင်းပါဘူး​လေ..ကိုရှိန်းကလည်းအ​ရေးကြီးကိစ္စမဟုတ်ရင်ဖုန်းမဆက်ခိုင်းဘူး..ဘယ်လိုလုပ်ရမလဲ...ထို့​နောက်ကျွန်တော့်အိပ်ကပ်များကိုလှန်​လှောကာရှာ​ဖွေ​တော့သည်။"ဟူး...ကံ​ကောင်းလိုက်တာ..".​ဘောင်းဘီအိတ်ကပ်ထဲတွင်မျက်နှာငယ်စွာထိုးထည့်ခံထားရ​သော၂ရာတန်​လေး၂ရွက်သည်ကျွန်တော့်အားဝင့်ကြွားလျက်ကြည့်​နေကြသည်။....ဘတ်စ်ကားစီးသွားလို့ရပြီ...

ဘတ်စ်ကား​ပေါ်တွင်ကျွန်တော်​ဒေါက်တာ​ပြော​သောကိစ္စကိုပြန်စဥ်းစားမိ​နေသည်။ကျွန်တော်သည်​မေ​မေ့ဆီကမျိုးရိုးလိုက်တက်​သော​ရောဂါဖြစ်သည့်ဦး​နှောက်အကျိတ်​ရောဂါကိုရရှိခဲ့သည်။ကျွန်တော်သိလိုက်ရသည့်အချိန်သည်ကျွန်တော်second year ​လောက်ကဖြစ်မည်။​ခေါင်းခဏခဏကိုက်လို့​ဒေါက်တာနှင့်သွားပြကြည့်ရာမှဦး​နှောက်အကျိတ်ဖြစ်​နေမှန်းသိရသည်။​မေ​မေ့မှာလည်းဦး​နှောက်အကျိတ်ရှိသည်။​မေ​မေက​တော့အချိန်မှီသိပြီးကုလိုက်လို့​ပျောက်ကင်းသွားပြီ။.အယ့်​ရောဂါကမျိုးရိုးလိုက်တက်​တော့​​မေ​မေနဲ့​ဖေ​ဖေကကျွန်တော်နဲ့မမအတွက်အရမ်းစိုးရိမ်​နေခဲ့တာ။ခုအယ့်​ရောဂါကကျွန်တော့်မှာဖြစ်​နေပြီ​လေ။ကျွန်တော့ကံကြမ္မာပဲ​ပေါ့။

​ဒေါက်တာက​တော့အယ့်​ရောဂါကခွဲစိတ်လို့လည်းရသလိုကင်ဆာ​ဆေးသွင်းလို့လည်းရတယ်​ပြောတယ်။ဒါ​ပေမဲ့ကျွန်တော်ကင်ဆာ​ဆေး​​တော့မသွင်းချင်ပါ။ခွဲစိတ်လျှင်လည်းအခန့်မသင့်ရင်မှတ်ညာဏ်တချို့​​ပျောက်သွားတာတို့ကိုမာဝင်တာတို့ဖြစ်တက်တယ်တဲ့...

ကျွန်တော်မခွဲရင်လည်း​သေမှာပဲ..ခွဲရင်လည်းအခန့်မသင့်ရင်ကို့ကို​မေ့သွားရမှာ​လေ။အယ့်လို​တော့မဖြစ်ချင်ပါ။ကျွန်တော်ကအသက်ဆက်ရှင်​နေလည်းကို့အတွက်ကအပြစ်သားပဲမလား။တစ်ဘဝမှာတခါပဲဖြစ်​ပေါ်လာတဲ့ဒီချစ်ခြင်းလေးကို​တော့ကျွန်တော်မ​မေ့ချင်ပါ။ကျွန်တော့ချစ်ရသူကိုနှလုံးသားထဲမှာထာဝရသိမ်းထားချင်တယ်။​ဖေ​ဖေ၊​မေ​မေ၊မမတို့ရယ်ဒီသားမိုက်ကိုခွင့်လွှတ်ပါ။​ဖေ​ဖေတို့​မေ​မေတို့ရင်နာမှာကိုသိ​ပေမဲ့​လေသားရဲ့နှလုံးသားအလိုကိုအတ္တကြီးစွာလိုက်ခွင့်ပြုပါ။.....

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now