💟Part9💟

9.6K 661 23
                                    

မနက်မိုးလင်း​သောအခါ

"အကို​လေးဝိုင်းဝင်လာလို့ရမလား"

"အာ..ရပါတယ်ဗျ"

အ​ဒေါ်ကြီးဝင်လာ​သောအခါသူမမျက်နှာသည်ကျွန်​တော့်အားကြည့်ပြီးအလွန်အမင်းလန့်သွားသ​ယောင်..

"အကို​လေးဝိုင်း..အကို​လေးပြန်​ရောက်ပါပြီ.အ​ကို​လေးဝိုင်းကို​ခေါ်ခိုင်းလိုက်လို့...ဆင်းလာခဲ့ပါတဲ့"

"ဟုတ်ကဲ့ပါ​​ဒေါ်...."

"ဪ..​ဒေါ်​လေး​လေးငယ်ပါ..​ဒေါ်ငယ်လို့​ခေါ်လို့ရပါတယ်.."

"ဟုတ်ကဲ့ပါကျွန်တော့်ကိုလည်းဝိုင်းလို့ပဲ​ခေါ်ပါဗျ..ကျွန်တော်ခဏ​နေဆင်းခဲ့ပါ့မယ်.."

​ဒေါ်ငယ်ပြန်ထွက်သွားပြီး​နောက်ကျွန်တော်မျက်နှာသစ်ရန်​ရေချိုးခန်းထဲကမှန်ကိုကြည့်မိချိန်တွင်...ကျွန်တော့်ကိုယ်ကျွန်တော်​တောင်ပြန်လန့်ချင်သွားသည်...ညကတအားငိုထားသည့်အတွက်မျက်လုံးများနီရဲအစ်ကာ​ဖောင်းမို့​နေသည်ကအလွန်သိသာ​နေသည်။...ထို့​နောက်မျက်နှာသစ်​ရေချိုးကာချစ်ရသူ၏အမျက်ကိုခံရန်အတွက်​အောက်ထပ်ဆီသို့....

"ကိုရှိန်း..."

"ဒီမှာလာထိုင်.."

ကျွန်တော်​နေရာယူပြီးသည်နှင့်ကိုရှိန်းသည်ကျွန်တော့်အားခက်ထန်​သောမျက်နှာထားနှင့်ကြည်ကာစာရွက်၁ရွက်လှမ်း​ပေးသည်

"ဖတ်ကြည့်..မင်းလိုက်နာရမယ့်အချက်​တွေ"

(1)​​​ကျောင်းကိုအ​ဝေးသင်​ပြောင်းရမယ်
(2)ငါ့companyမှာအလုပ်လုပ်ရမယ်
(3)ငါ့ခွင့်ပြုချက်မရှိဘဲဘယ်သူနဲ့မှမ​တွေ့ရဘူး
(4)ငါ့ခွင့်ပြုချက်မရှိဘဲငါ့ကိုမထိရဘူး
(5)ငါ့အခန်းထဲမဝင်ရဘူး
(6)ငါ့ကိစ္စတွေဝင်မစွက်ဖက်ရဘူး
(7)ငါလိုရင်ငါ့ခင်ပွန်းအဖြစ်​နေ​ပေးရမယ်(dinner​တွေmeeting​​တွေ)
(8)မလိုအပ်ရင်ငါ့ကိုစကားလာမ​ပြောရဘူး
(9)အ​ရေးကြီးအ​ကြောင်းကိစ္စမရှိဘဲငါ့ကိုဖုန်းမဆက်ရဘူး
(10)ပြီး​တော့ငါနဲ့ထမင်းလက်ဆုံမစားပါနဲ့ငါမင်းမျက်နှာမြင်ရင်မျိုမကျမှာစိုးလို့

"သ​ဘောတူရင်လက်မှတ်ထိုးလိုက်..."

ရင်ထဲမှာတင်းကြပ်လာ​​သောဆို့နင့်ချင်းများနှင့်အတူမျက်ရည်​ပေါက်တို့သည်လည်းမဖိတ်​ခေါ်ပါပဲနှင့်မျက်လုံးအိမ်ထဲတွင်​နေရာယူလာကြသည်။ငို​နေ​သောကျွန်တော့မျက်နှာသည်ကိုရှိန်းအတွက်အ​နှောင့်အယှက်ဖြစ်မည်စိုး၍လက်မှတ်ကိုမြန်မြန်ထိုးကာထထွက်ရန်ကြိုးစားခဲ့သည်။

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now