💟Part8💟

9.8K 652 5
                                    

ကျွန်တော်မမကိုအတည်ပြုထပ်​မေးခဲ့သည်

"မမတကယ်ပဲအပြစ်လုပ်ခဲ့တယ်​ပေါ့"

မမ​ကငိုလျက်​​ခေါင်းငြိမ့်ပြသည်

"ဘာလို့လဲ..ဘာ​ကြောင့်လဲ..​ကောင်းပြီမမတကယ်အပြစ်လုပ်ခဲ့တယ်ဆိုရင်အယ့်အပြစ်အတွက်ပြစ်ဒဏ်​ခံရမယ်...."

ကျွန်တော့်ဘဝတွင်မမကိုထိုသို့​ပြောရမည်ဟုဘယ်တုန်းကမှမထင်ခဲ့ပါ။ဟင့်အင်းစိတ်​တောင်မကူးဘူးပါ။သို့​သော်သူတို့နှစ်ယောက်စကားအရကျွန်တော့်အမ​ကြောင့်ကျွန်တော်ချစ်ရသူ၏တန်ဖိုးထားရသူ၁ဦးကိုဆုံးရှုံးခဲ့သည်။ထိုအမှန်တရားသည်ကျ​တော့အတွက်ဓါး၁လက်ဖြစ်ခဲ့သည့်။သို့​သော်ကျွန်တော့အမကိုယ်တိုင်လည်းသူ့အမှားကိုလက်ခံသည်မို့ကျွန်တော်တို့အဖို့အမှားကိုပြန်​ပေးဆပ်ရန်သာရှိသည်။

"ကိုရှိန်း​ကို၁ခု​မေးပါရ​စေ..ကျွန်တော့်ကိုလက်ထပ်ရရင်ကိုရှိန်းရဲ့ရင်ထဲကအမျက်​တွေ​​ပြေနိုင်မှာလား"

"ဘယ်ဟုတ်မလဲအယ့်​လောက်လွယ်လွယ်နဲ့​​တော့ဘယ်ရမလဲ..မင်းကိုလက်ထပ်ပြီးငါကမင်းဘဝကိုသတ်ချင်​သေးတာ..ဖြည်း..ဖြည်း..ချင်း​..လေ...မင်းကရှင်လျက်နဲ့​သေ​နေသလိုရှင်သန်​နေရတာကိုမင်းအမကဘာမှမလုပ်​ပေးနိုင်ဘဲထိုင်ကြည့်​နေရုံသာတက်နိုင်တဲ့အဖြစ်မျိုးလိုချင်တာ..အယ့်တာဆိုရင်​တော့ငါ့နာကျည်းမှု​တွေကနဲနဲ​တော့​လျော့သွားမယ်ထင်တယ်...မင်းမှာငါ့ကိုငြင်းပိုင်ခွင့်လည်းမရှိပါဘူး...ငါနဲ့လက်ထပ်ပြီးတာနဲ့မင်းဘဝကငါစီမံတဲ့အတိုင်းပဲဖြစ်ရမယ်...ဪ..ပြီး​တော့မင်းငါ့ကိုခုမှလက်မထပ်လို့မရဘူး​နော်..ဘာလို့ဆိုမင်းလက်မခံလည်းငါကအတင်းသိမ်းပိုက်မှာမို့လို့..ဟက်..ဟက်..ငါ​ခန်းမထဲမှာစောင့်​နေမယ်...မင်းတို့မိဘ​တွေကိုစိတ်မပူ​စေချင်ရင်စေချင်ရင်မင်းမျက်နှာကိုပြင်ပြီးလာခဲ့"

"ကျွန်တော်​​သေချာ​ပေါက်လာခဲ့မှာပါ..."

ကိုရှိန်းထွက်သွားပြီး​​နောက်သူ့အားလာဖက်​သောမမ

"ဝိုင်းရယ်မမ​တောင်းပန်ပါတယ်..ဝိုင်းရယ်...မမတို့​လေထွက်​ပြေးရ​အောင်​​လေ​နော်..မမဝိုင်းကိုမထိခိုက်​စေချင်ဘူး...​နော်..ဝိုင်း​နော်..မမ..မမ.."

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now