💙Extra2💙

9.2K 540 3
                                    

"အကို..ကျွန်တော့်ကိုအကို့နာမည်ကတ်​လေး​ပေးလို့ရမလား..."

"အင်းရပါတယ်"

"​ကျေးဇူးပါဗျ"

လိပ်စာကတ်ရသွား​သောအခါအ​ပျော်ကြီး​ပျော်​နေ​သော​ကောင်​လေး...

"​ကျေးဇူးပါအကို...​ကောင်း​ကောင်းပြန်ပါ"

"အင်းသွားပြီညီလည်းဂရုစိုက်"

"ဟုတ်"

ဝိုင်းတစ်​ယောက်ထိုအကိုပြန်သွားသည်နှင့်​ထော့နဲ့​ထော့နဲ့​လေးနှင့်အိမ်ထဲသို့ဝင်ခဲ့​လေသည်....

"ဝိုင်းဘယ်ကပြန်လာတာလဲ....​စောနလိုက်ပို့တာဘယ်သူလဲ"

"ဒီလိုပါပဲ...အသိပါ"

"ဝိုင်းကို့ကိုမလိမ်နဲ့​နော်ဝိုင်းမှာအိမ်ထိလိုက်ပို့ရ​​လောက်တဲ့အသိမရှိဘူး"

"အာ့ဆိုလည်းကိုမသိတဲ့အသိလို့မှတ်လိုက်​ပေါ့"

"ဝိုင်း!"

လက်​​မောင်းနှစ်ဖက်ကိုအားနှင့်ညှစ်ကိုင်မိ​သောအခါ..

"အ့...အဟင့်...အီးဟီး."

"မငိုနဲ့ဝိုင်း​ပြောပြမှကိုယ်လွှတ်မယ်"

ထိုအခါလက်ကိုအတင်းရုန်းကာ​ထော့နဲ့​ထော့နဲ့နှင့်​နောက်ဆုတ်သွားသည်....

"ဝိုင်း​ခြေ​ထောက်က.."

"သွား!လာမ​မေးနဲ့.."

"ဝိုင်းရယ်ကို​တောင်းပန်ပါတယ်...ကိုမမြင်လို့ပါ..ဝိုင်းရယ်..ဘာဖြစ်တာလဲဟင်"

"သွား..ခုမှလာ​မေးမ​နေနဲ့​ခြေ​ထောက်တ​ချောင်းလုံးပတ်တီးစီးထား​တာ​တောင်မ​တွေ့ပဲနဲ့...ဟင့်.."

"ဝိုင်းရယ်ကို​တောင်းပန်ပါတယ်..ကို​ကြောက်သွားလို့ပါ...ဝိုင်းတခြားလူကိုချစ်သွားမှာကိုယ်​ကြောက်လို့ပါ...ဝိုင်းကိုတခြားတ​ယောက်နဲ့မြင်ရင်ကိုမခံစားနိုင်လို့ပါ..ကိုယ့်ဆီက​နေထွက်သွားမှာစိုးရိမ်လို့ပါ...ကိုယ်အယ့်တာ​ကြောင့်..ဝိုင်း..ဝိုင်းကို..."

"လာဒီကို...ဟင့်"

ကုတင်​ပေါ်တွင်ထိုင်လျက်လက်​လေး​ရှေ့ဆန့်ကာငို​နေ​သောမျက်နှာ​လေးနှင့်သူ့ရင်ခွင်​သေး​သေး​လေးထဲလာရန်​ခေါ်​နေပြန်သည် ...

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now