💟Part11💟

10.5K 726 8
                                    

"တူတူ..တူတူ.."

Alarmမြည်သံ​ကြောင့်ဝိုင်းနိုးလာခဲ့သည်..
"ဝါး..."မျက်လုံးမပွင့်တပွင့်နှင့်နာရီကြည့်မိ​​တော့၆နာရီသာရှိ​သေးသည်။အိပ်ချင်ပါ​သော်လည်းထရမည်..ရုံး​နောက်ကျလျှင်အချိန်ပိုဆင်းရဦးမည်...မြန်မြန်လုပ်ရမည်...အိပ်ရာမှထကာ​ရေမိုးချိုးပြီးပြန်ထွက်လာ​တော့​နောက်ထပ်alarmသံတခုမြည်​နေသည်။ဖုန်းကိုကြည့်မိ​​တော့..ဪ..ငါ​မေ့​နေတာပဲဒီ​နေ့​ဆေးရုံရက်ချိန်းရှိ​သေးတယ်။ခုတ​လောအာရုံ​တွေများ​နေတာနဲ့ပဲဒါကို​တောင်သတိမရမိဘူး...ကိုရှိန်းကခွင့်ပြုပါ့မလား....​ပြောကြည့်ရမှာပဲ.....တစ်​ယောက်ထဲအ​တွေးစကား​တွေ​ပြောရင်း​အောက်သို့ဆင်းလာ​လေသည်။

​​အောက်သို့​ရောက်​သောအခါ၇နာရီခွဲသာရှိ​သေးသည်။ကိုရှိန်းနိုးလာသည်နှင့်ကြုံသည်မို့...

"အကို.."

"ဘာလဲ"

"ကျွန်တော်ပြောစရာရှိလို့ပါ.."

"​ပြော.."

"ကျွန်တော်ဒီ​နေ့အပြန်သွားစရာ​လေးရှိလို့အိမ်ပြန်​နောက်ကျမှာမို့လို့​မေ​မေတို့အိမ်ပဲပြန်အိပ်လိုက်လို့ရမလား....."

"ဘာအ​ရေးကြီးကိစ္စမို့လို့မင်းကအိမ်​တောင်ပြန်မအိပ်နိုင်ရတာလဲ..."

"ဟို..."ကျွန်တော်ကိုရှိန်းကိုမ​ပြောပြချင်ပါ။ကျွန်တော့်ကိုဝန်တခုလိုမြင်သွားမှာကိုကျွန်တော်​ကြောက်သည်။ပြီး​တော့ကိုရှိန်းသိသွားလျှင်​မေ​မေတို့ကို​ပြောလိုက်မှာကိုလည်း​ကြောက်သည်။

"ဟို..ကျွန်တော်က၁လ၁ခါဘုရားမှာသန့်ရှင်း​​ရေးသွားလုပ်​ပေး​နေကြမို့လို့ပါ..အယ့်တာဒီ​နေ့သွားရမှာမို့လို့"

"ရပြီ..သွား​​တော့.."

"ဟုတ်"

ကျွန်တော့်အ​ကြောင်းပြချက်သည်ယုံချင်စရာ​ကောင်းမ​ကောင်း​တော့ကျွန်တော်မသိပါသို့​သော်ကိုရှိန်းကိုမသိ​စေချင်တာပဲကျွန်တော်သိသည်။

ဒီ​နေ့အ​စောကြီးထွက်လာခဲ့သည်မို့ရုံးကိုအ​စောကြီး​ရောက်သည်...ကိုခန့်ကို​တော့အပြန်မှသာတူတူပြန်မည်ဟု​ပြောကာ​တောင်းပန်ထားရသည်။၈နာရီ​လောက်မှသာဝန်ထမ်း​တွေ​ရောက်လာကြသည်။ထိုအခါမှကျွန်တော်လည်းအ​ပေါ်တက်လာခဲ့သည်။

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now