💟Part14💟

12.3K 669 8
                                    

ဝိုင်းကို operationလုပ်ပြီး၁ပတ်​စောင့်ကြည့်ပြီး​နောက်လူနာခန်းထဲသို့​ရွေ့လာခဲ့သည်။

ဝိုင်းစက်​နေ​သောမျက်လုံး​လေးများ၏အလှသည်ပိတ်ထား​သောမျက်ခွံများ​ကြောင့်မ​ပေါ်နိုင်​တော့ပါ။နက်​မှောင်ကာအိကျ​နေ​သောဆံပင်​လေးများသည်လည်းoperation​ကြောင့်စွန့်ပစ်ခံလိုက်ရပြီ။​ဆေးမကူဘဲနီရဲ​နေ​တက်သောနှုတ်ခမ်း​လေးများသည်ဖြူ​​ဖြော့ကာပြည့်​ဖောင်း​နေ​​​သောပါး​လေးများသည်လည်းပိန်လှီ​နေခဲ့ပြီ။​ဆေးပိုက်တန်းလန်းနှင့်ကုတင်​ပေါ်တွင်မလှုပ်မလျက်လှဲ​လျောင်း​နေ​သောက​လေးငယ်ကိုဆက်မကြည့်ရက်နိုင်​တော့ပါ။ဒါ​တွေအကုန်လုံးကသူ့​ကြောင့်ဖြစ်လာရတာပါဆိုတဲ့အ​တွေးနဲ့​ကောင်​လေးတစ်​ယောက်သည်လည်းသူ့ရင်ခွင်ကိုထုလျက်​ကားထဲတွင်တ​ယောက်တည်းငို​ကြွေး​နေမိသည်။

ည​ရောက်​သောအခါ....

"​ဖေ​ဖေနဲ့​မေ​မေတို့ပြန်နားလိုက်ပါ။ကျွန်တော်​စောင့်လိုက်ပါ့မယ်။ကျွန်တော်ဝိုင်းနဲ့လည်းစကား​ပြောချင်လို့ပါ.."

"ညီနဲ့ညီမအ​ဖေနဲ့အ​မေကိုပြန်ပို့​ပေးပါ​နော်။ပြီးရင်မင်းတို့လည်းပြန်လိုက်ပါကို​​ယ်စောင့်လိုက်မယ်..."

အကုန်လုံးပြန်သွားပြီး​နောက်တိတ်ဆိတ်သွား​သောအခန်းငယ်​လေးထဲတွင်ဝိုင်းနှင့်ကျွန်တော်သာကျန်​နေခဲ့သည်။ထို့​နောက်အိပ်စက်​နေ​​သောက​လေးငယ်နားတွင်ထိုင်လိုက်ကာလက်က​လေးကိုကိုင်လျက်...

"ဝိုင်း​လေးကိုမင်းကိုကိုယ့်ရဲ့လျို့ဝှက်ချက်​လေး​တွေ​ပြောပြမယ်​နော်​သေချာနား​ထောင်​နေ​နော်...."

"​ဟိုးလွန်ခဲ့တဲ့၁၀နှစ်တုံးက​လေ......

ကို့၁၆နှစ်ပြည့်​မွေး​နေ့မှာကိုယ့်​ဖေ​ဖေနဲ့​မေ​မေကအလုပ်​တွေအရမ်းရှုပ်​​နေလို့မအားလို့ဆိုပြီးကို့​​မွေး​နေ့ကိုအယ့်နှစ်ကမလုပ်ရဘူး...အယ့်တာနဲ့ကိုစိတ်ဆိုးပြီးအိမ်ကထွက်လာခဲ့တယ်...​လျှောက်မိ​လျှောက်ရာ​လျှောက်လာပြီးဘယ်​တွေ​ရောက်လာခဲ့မှန်းလည်းမသိခဲ့ဘူး....ကိုလည်းမထူးပါဘူးဆိုပြီးဆက်​လျောက်လာ​တော့​လေအရက်မူး​နေတဲ့လူကြီး၂​ယောက်နဲ့​တွေ့တယ်။သူတို့ကကိုယ့်ပုံစံကိုကြည့်ပြီး​တော့ပိုက်ဆံရှိမယ့်ပုံပဲဆိုပြီးကိုယ့်ကိုဖမ်းဖို့လုပ်​တော့ကိုလည်း​ကြောက်အားလန့်အားနဲ့ငိုပဲငို​နေမိတယ်...တကယ်ဆို၁၆နှစ်ကငယ်​တော့တဲ့အရွယ်မှမဟုတ်တာကိုပြန်ရင်ဆိုင်ရမှာကို..ဟား..ဟား...ကိုကအယ့်ကတည်းကသတ္တိ​ကြောင်တယ်​​​နော်...ကဲထားပါ​တော့...ကိုယ်ကငို​နေ​တော့သူတို့ကကို့ကိုရိုက်မယ်လုပ်​တော့​လေ....ရပ်လိုက်ဆိုတဲ့​အော်သံ​ပိစိ​လေးထွက်လာတယ်သိလား....အကျီစွပ်ကျယ်​​လေးနဲ့​ဘောင်းဘီတိုနဲ့ကိုယ့်ထက်ငယ်တဲ့​ကောင်​သေး​သေး​လေးတ​ယောက်က​လေသူ့ထက်​တောင်ကြီးတဲ့ဒုတ်ကြီးကိုဆွဲလာပြီးကို့​ရှေ့မှာကာရပ်ပြီးဟိုလူနှစ်​ယောက်ကိုရန်​တွေ့​နေတာသိလား....သူ့အသံပိစိ​လေးက​လေတဖြည်းဖြည်းကျယ်လာ​တော့မှဟိုလူနှစ်​ယောက်ကလူ​တွေကြားမှာစိုးလို့လန့်ပြီးသူ့ကိုပုလင်းကွဲအချွန်နဲ့​ကျောကိုခြစ်ပြီးထွက်​ပြေးသွားခဲ့တယ်​လေ....ဘယ်​​လောက်​တောင်ယုတ်မာလိုက်လဲ...ဟိုလူ​တွေလည်းသွား​ရောသူက​လေသူ့ဒဏ်ရာနာ​နေတာ​တောင်မ​အော်တဲ့အပြင်ကို့ကိုယ်ပြန်ပြီးအဆင်​ပြေရဲ့လားတဲ့၊ဘယ်နားနာသွား​သေးလဲတဲ့...ဘယ်​လောက်​တောင်ချစ်ဖို့​ကောင်းလိုက်လဲကွာ...​နော်....ခဏကြာ​တော့ကို့​မေ​မေနဲ့​ဖေ​ဖေကကိုယ့်ကိုလိုက်ရှာရင်းကိုတို့ရှိတဲ့​နေရာကို​ရောက်လာကြပြီးကို့ကို​ခေါ်သွားခဲ့တယ်​လေ...အယ့်ခ​လေး​လေးက​တော့ကို့ကိုပဲကြောင်ကြည့်​နေခဲ့တာ...ခဏကြာမှသူလှည့်ထွက်သွားခဲ့တယ်။ကို​လေသူ့​ကျောကခြစ်ရာကြီးကိုခုထိမြင်​နေတုံးပဲ...အယ့်​နောက်ပိုင်းသူ့ကိုလိုက်ရှာခဲ့​ပေမယ့်ဘယ်မှာမှမ​တွေ့​တော့ဘူး​လေ....။
တ​နေ့ကျ​​တော့ကံတရားကသူ့ကိုပြန်​တွေ့ဖို့အခွင့်အ​ရေး​ပေးခဲ့ပါတယ်။ဒါ​ပေမဲ့​လေကိုသူ့ကိုမမှတ်မိနိုင်ခဲ့ဘူး...ကိုဘွဲ့ယူတဲ့​နေ့ကို့အိမ်မှာပါတီလုပ်တဲ့​နေ့ကဝိုင်း​မွေး​နေ့​လေ။တကယ်​​တော့အယ့်​နေ့ကဝိုင်းနဲ့ကိုဘာမှမဖြစ်ခဲ့ကြဘူးသိလား...ဝိုင်းကို​လေကိုဘာမှမလုပ်ခဲ့ဘူးသိလား....ဝိုင်းကသာမူးပြီးအကျီ​တွေ​ဘောင်းဘီ​တွေ​လျှောက်ချွတ်​နေခဲ့တာသိလား...တကယ့်အဆိုး​လေး...ဝိုင်းအကျီချွတ်လိုက်​တော့​လေဝိုင်းရဲ့​​​ကျောပြင်မှာ​လေကိုယ်မြင်ဖူးတဲ့ခြစ်ရာ​လေးကို​တွေ့ခဲ့တယ်။ဝိုင်းကို​မေးကြည့်​တော့ဝိုင်းက​လေမူးမူးနဲ့ဘယ်လို​ဖြေလဲသိလား....က​လေး​လေး၁​ယောက်ကိုကယ်ရင်းရခဲ့တာတဲ့...ဟား..ဟား...ဘယ်​လောက်အသည်းယားစရာ​ကောင်းလဲ..ကိုကခ​လေး​လေးလားဟမ်...​ပြောပါဦး...".​ပြောရင်းနှင့်ပင်အသံများတိမ်ဝင်သွားကာလှုပ်​တောင်မလှုပ်​သောခန္ဓာကိုယ်​လေးကိုကြည့်ရင်းငိုမိပြန်သည်။

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now