💟Part10💟

10.7K 660 13
                                    

ကျွန်တော်နှင့်ကိုခန့်တို့စကားတ​ပြော​ပြောနှင့်ရုံး​ရောက်လာခဲ့ကြသည်။

Companyကြီးသည်အလွန်ကြီးကာအလွန်ခမ်းနားသည်။ကိုခန့်နှင့်သာမသိ​သေးပါလျှင်ကျွန်တော်​သေချာ​ပေါက်လမ်း​ပျောက်မည့်ကိန်းမြင်သည်။company၁ခုလုံးတွင်ဝန်ထမ်းများ​ယောက်ယက်ခက်စွာလှုပ်ရှား​နေကြသည်။ဒီ​နေ့သူ​ဌေးအသစ်လာမှာမို့လို့နဲ့တူတယ်။ကျွန်တော်ချစ်ရသူသည်ထို​လောက်ထိ​လူအများက​လေးစားခံရမည်ဟုမထင်ခဲ့မိပါ။သူ့နှင့်စ​တွေ့ထဲကသူ့ကိုရိုးရိုးသာမာန်ချမ်းသာတာဟုသာထင်ခဲ့မိသည်။

"ဟား..ဟား....ဒီ​နေ့သူ​ဌေးအသစ်ကိုကြိုဆိုဖို့အားလုံးက​တော်​တော်စိတ်အားထက်သန်​နေကြတာပဲ...သူ​​ဌေး​လေးကအရင်တုန်းကသူ့အ​ဖေနဲ့တခါတ​လေလိုက်လာဖူးတယ်....လိုက်လာတဲ့အခါတိုင်းလည်းသူ့အ​ဖေရဲ့အလုပ်​တွေကိုအားရင်အားသလိုဝင်လုပ်တယ်။သူ​ဌေး​လေးရဲ့အရည်အချင်း​ကြောင့်မို့လို့သာ​ပေါ့နို့မို့ဒီလိုcompanyမျိုး​တွေကချက်ချင်းလက်လွဲယူဖို့သိပ်ခက်တာ..အားလုံးကလည်းသူ​ဌေး​လေးကိုဝိုင်း​ထောက်ခံကြတယ်​လေ...ဝိုင်း​ရောသူ​ဌေး​လေးနဲ့ဘယ်လိုသိတာလဲ.."

"အာ..ကျွန်​တော်နဲ့က"မင်းနဲ့ငါရဲ့ပတ်သတ်မှုကိုcompanyကလူ​တွေမသိ​စေနဲ့ဆိုနဲ့စာကမျက်လုံးထဲပြန်မြင်လာ​သော​ကြောင်.

"ကျွန်တော်ကကိုနဲ့...ဟို..အကိုနဲ့​ကျောင်းမှာသိတာပါ။ကျွန်တော်အလုပ်လိုလို့အကူညီ​တောင်းလို့အကိုကဒီမှာအလုပ်ခန့်​ပေးတာပါ"ဟုပြုံး၍သာပြန်​ဖြေလိုက်သည်...

ရှိန်းcompanyထဲ​ရောက်သည်နှင့်သူစိမ်းတ​ယောက်နှင့်ရယ်​မောစွာစကား​​ပြော​နေ​သောထို​ကောင်​လေး....

"ဝိုင်းလမင်း.."

"ဗျ...ဗျာ"

"ဒီ​နေ့အချိန်ပိုဆင်းရမယ်​နောက်ကျတယ်.."

"ဗျာ..ဒါ​ပေမဲ့ရုံးချိန်မ​ရောက်​သေးဘူး​လေ..ဆယ်မိနစ်လို​​သေးတယ်..."

"ကျစ်..ငါ့ထက်​နောက်ကျရင်​နောက်ကျတာပဲ"

အကို့အသံတွင်​ဒေါသများပါလာသည်မို့

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now