💟Part5💟

9.8K 645 2
                                    

ကျွန်တော်ကိုရှိန်းကိုချစ်မိ​နေတာကိုကိုယ့်ကိုကိုယ်ဝန်ခံပြီး​နောက်ပိုင်းကိုယ့်လိပ်ပြာကိုမလုံ၍ကိုရှိန်းနှင့်​တွေ့တိုင်း​ရှောင်​နေခဲ့မိသည်၊ဒါကိုမရိပ်မိ​သောကိုရှိန်းသည်ကျွန်တော့်အားအရင်ကထက်ပင်ပိုဂရုစိုက်ပြီး၊သူ့ညီ​လေး၁​ယောက်လိုပင်အရိပ်တကြည့်ကြည့်လုပ်​နေတက်သည်။ကျွန်တော်သည်လည်းထိုကြင်နာမှုများနှင့်အသားကျကာငြင်းဆိုရန်ပင်မတက်သာ​တော့​ပေ
သို့​သော်အချိန်ကြာလာသည်နှင့်အမျှကျွန်တော်၏ခံစားချက်များမှာပို​သေချာလာသည်မို့ကျွန်တော့်အ​ကြောင်းကိုသိသွားလျှင်ကျွန်တော့အားရွံမုန်းသွားမည်စိုးခဲ့သည်။*ကို*ထိုစကားလုံး​လေးသည်ကိုရှိန်းနှင့်အလွန်လိုက်ဖက်သည်ဟုထင်မိသည်။ကိုယ့်စိတ်ထဲမှကျိတ်​ခေါ်ရင်းကျွန်တော်အလွန်ပီတိဖြစ်​နေမိသည်။တဖက်သက်အချစ်သည်​တော်ကျွန်တော့အတွက်သည်​လောက်ကြည်နူးစရာ​ကောင်းပါကနှစ်ဦးလုံးသာချစ်ကြမည်ဆိုလျှင်ကျ​တော်​ပျော်လုံးဆို့ပြီး​သေနိုင်​လောက်သည်....

ကျွန်တော်Second year ​ရောက်​သောအခါကိုရှိန်းသည်လည်း  final တန်းဖြစ်သည်..
ကျွန်တော်တို့ဒီနှစ်ပြီးရင်ခွဲရ​တော့မည်ဖြစ်၍​တော်​တော်​လေးစိတ်မ​ကောင်းဖြစ်ရသည်..ဘွဲ့ယူပြီးလျှင်ကိုယ့်လမ်းကို​လျောက်တော့မည်ကိုရှိန်းကို​တွေးမိတိုင်းရင်ထဲတွင်ကြီးစွာ​သောအပူလုံးကြီးဆို့နင့်လာသည်။ကျွန်နော်မြန်မြန်ဘွဲ့ရချင်မိသည်....

သူငယ်ချင်း၂​ယောက်ကလည်းရည်းစားကိုယ်စီနှင့်ဖြစ်ကုန်ကြသည်..ကျွန်တော်သာ​တုံးအလွန်း​သောရေခဲတုံးကိုရင်ဝယ်ပိုက်ပြီးအပူ​ပေး​နေရသည်​..

မိုးက​တော့အိမ်ကသ​ဘောတူသည့်လူနှင့်သူ့ချစ်သူတ​စ်ယောက်တည်းမို့အလွန်​ပျော်ရွှင်လျက်ကြွားလို့မဆုံးနိုင်​ပေ

​အလင်းက​တော့ကိုရှိန်းရဲ့သူငယ်ချင်းကိုမင်း​နောင်နှင့်ကံကြမ္မာအလိုအရ​တွေ့ဆုံပြီးယ​နေ့ထိတိုင်တပူးတွဲတွဲဖြစ်​နေသည်။အလင်း​ကောင်သည်ကိုမင်း​နောင်ကိုချစ်လားဟု​မေးလျှင်ငါgayမဟုတ်ဘူးဟုပြန်​ဖြေမြဲပင်..သို့​သော်ကိုမင်း​နောင်ကို၁ရက်မ​တွေ့ရရင်ဒီ​​ကောင်ငူငိုင်​နေတာကိုကျွန်တော်တို့သိသည်။သူတို့နှစ်​ယောက်သည်တွဲ​နေသည်ဟုမဆို​သော်လည်းအများအမြင်တွင်လုံးဝကိုလင်လင်ကဲ့သို့ဖြစ်​နေသည်...

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now