💟Part16💟

11.2K 619 9
                                    

ဒီလိုနဲ့ပဲ​နေလာခဲ့တာဝိုင်းကိုမ​တွေ့ရတာ၂နှစ်​​တောင်ရှိ​နေခဲ့ပြီ....ကျွန်တော်၂နှစ်ဆိုသည့်အချိန်ကိုမနဲသည်းခံခဲ့ရသည်။ဝိုင်းသတင်း​လေးများကိုမိုးတို့အလင်းတို့ဆီကနားစွင့်​နေမိသည်။ခ​လေးငယ်သည်​ကုသမှု၁ခုခံယူ​နေသည်ဟု​ပြောကြသည်။အ​နေ​ဝေးလျှင်​သွေး​အေးသွားတက်သည်ဟု​ပြောကြ​ပေမယ့်ကျွန်တော့်ရင်ထဲကအလွမ်းထုထည်မှာ​တော့ကြီးမားသည်ထက်ကြီးမားလာသည်။ကျွန်တော်မ​နေနိုင်​တော့ပါ​နောက်၁လ​နေလို့အလုပ်တွေပြီးလျှင်ကျွန်တော့်လမင်း​လေးထွန်းလင်း​နေရာအရပ်ကိုပြန်​တော့မည်။.......

ကျွန်တော့်အိမ်မက်ထဲကလူ၏ကြီးစိုးမှုသည်ပိုပိုဆိုးလာသည်မို့သူဘယ်သူလဲ..ဘာ​​ကြောင့်ကျွန်တော့်အိမ်မက်ထဲတွင်အမြဲတမ်းရှိ​နေလဲကျွန်တော်အရမ်းသိချင်မိသည်။ထို့အပြင်တခါတရံကြားရတက်​သော "ကို....ကိုရှိန်း..."အကြင်နာအပြည့်ဖြင့်ထိုလူကို​ခေါ်​နေ​သောကျွန်တော့်အသံကိုလည်းကြား​ယောင်​နေရသည်။...ကျွန်တော်ဘာ​တွေကိုမမှတ်မိတာလဲ...ဘာ​တွေသတိရဖို့ကျန်​သေးတာလဲ.....

ကျွန်တော်အ​ဖြေရှာရန်ဆုံးဖြတ်ခဲ့သည်။သို့​သော်မည်မျှပင်ကြိုးစား၍စဥ်းစား​စေကာမူ​ခေါ်င်းကိုက်လာရုံမျှတပါးဘာမှမမှတ်မိခဲ့ပါ။ထို့​ကြောင့် ဟုတ်​သော်ရှိ မဟုတ်​သော်ရှိ ကျွန်တော် အိပ်​မွေ့ချ ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။ထိုသို့ဆုံးဖြတ်သည်အထိဖြစ်ရသည်မှာကျွန်တော့်နားထဲတွင်ကြား​နေရ​သော..."ချစ်တယ်...မြတ်နိုးတယ်....ကို့ဆီပြန်လာခဲ့ပါ...ကိုကပိုချစ်တဲ့သူဖြစ်​ပေးပါ့မယ်..."စသည်ဖြင့်​ပြော​နေ​​သောအသံပိုင်ရှင်ကိုသိချင်လွန်း၍သာဖြစ်သည်။.....

အိပ်​မွေ့ချစဥ်အ​တောအတွင်းကျွန်တော်အတိတ်ကဖြစ်ပျက်ခဲ့သမျှအ​ကြောင်းအရာများဆီသို့ကျွန်တော်ပြန်သွား​နေခဲ့သည်။နိုးလာလျှင်အလွန်​မောဟိုက်၍ပင်ပန်း​နေခဲ့သည်။....တပတ်​လောက်လုပ်ပြီး​နောက်တွင်​တော့ကျွန်တော်ရှင်းလင်းစွာမြင်လိုက်ရသည်က​မေ့​မြော​နေကျွန်တော့်ဘေးတွင်ထိုင်ကာကျွန်တော့်လက်​လေးကိုကိုင်လျက်ငို​ကြွေးကာချစ်​ကြောင်းတဖွဖွ​ပြော​နေ​သောကျွန်တော့်ကိုမုန်းတယ်ဆိုတဲ့သူ....
ဘာလို့သူလဲ....ဘာ​ကြောင့်လဲ..စ​သော​မေးခွန်းများဖြင့်...နာကျင်​အောင့်တက်လာ​သောရင်အစုံ...မဖိတ်​ခေါ်ဘဲကျလာ​သောမျက်ရည်​တွေ....

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now