💟Part13💟

12.4K 704 40
                                    

ကျွန်တော်ကိုရှိန်းနားတွင်​နေဖို့၂ပတ်​လောက်သာအများဆုံးအချိန်ရ​တော့သည်။​ရောဂါလက္ခဏာ​တွေကအချိန်ကြာလာသည်နှင့်အမျှပိုပိုဆိုးလာသည်မို့ကိုရှိန်းနားမှကျွန်တော်မြန်မြန်ထွက်သွားရန်ပြင်ဆင်ရမည်။ကျွန်တော်​​ဖေ​ဖေ​၊မေ​မေ၊မမ၊ပြီး​တော့မိုးနဲ့အလင်းတို့ကိုလည်းကျွန်တော့ရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်အတွက်​တောင်းပန်ခဲ့ရဦးမည်။ကျွန်တော်ချစ်ရသူအတွက်ကျွန်တော့်နှလုံးသား​တွေနာကျင်ရသလိုကျွန်တော့်အတွက်ကျွန်တော့်ကိုချစ်ရသူ​တွေ၏နှလုံးသားကိုကျွန်တော်နာကျင်​စေ​ရတော့မည်။သို့​သော်ဒီအပြစ်သည်ဒီမျှနှင့်ပင်​ကြေမည်ဆိုပါကကျွန်တော်ဒီဘဝကိုဒီ​လောက်နဲ့အဆုံးသတ်ရတာတန်ပါသည်။သူသာ​ပျော်မယ်ဆိုသူသာခွင့်လွှတ်မယ်ဆိုကျွန်တော်​သေရတာတန်ပါတယ်။ကျွန်တော်​ကြောက်တာ​ပေါ့...အရမ်းကို​ပြောမပြတက်​​လောက်​အောင်ကို​ကြောက်တာ​ပေါ့...ကျွန်တော်ချစ်တဲ့သူ​တွေကိုထားခဲ့ပြီးကျွန်တော်နဲ့မရင်းနှီးတဲ့​သေဆုံးခြင်းဆိုတဲ့အ​မှောင်ထုကြီးထဲကိုသွားရမှာ​လေ..ဒါ​ပေမဲ့​လေအသက်ရှင်​နေရပြီး​​တော့ချစ်ရသူရဲ့အမျက်ကိုတစ်သက်လုံးခံ​ပြီးနာကျင်​နေရမှာထက်စာရင်ဒါက​တော်​​သေးတယ်မလား။ကျွန်တော်နဲ့အတူ​နေရတာသူလည်းတကယ်​တော့မ​​ပျော်ပါဘူး...သူ့ရင်ထဲကအမုန်း​ကြောင့်သာသူကျွန်တော့်ကိုလက်ထပ်ခဲ့တာ။ကျွန်တော်မရှိ​တော့ရင်အားလုံးပြီးဆုံးသွားမှာပါ။

ကျွန်တော်​ဖေ​ဖေ​မေ​မေတို့ဆီသွားကာတူတူညအိပ်ခဲ့သည်။တစ်ခါမှထုတ်မ​ပြောခဲ့ဖူးသည့်ချစ်တယ်ဆို​သောစကားကိုလည်းတွင်တွင်​ပြော​နေမိသည်။မမနှင့်လည်းလိုင်း​ပေါ်တွင်ညတိုင်းစကား​ပြောသည်။ကို့ထံခွင့်​တောင်းပြီးမိုးနဲ့အလင်းကိုလည်းသွား​တွေ့ခဲ့သည်။စကား​တွေလည်းအများကြီး​ပြောဖြစ်ခဲ့ကြသည်။ကျွန်တော်နှုတ်ဆက်ဖို့ကျန်သည့်တစ်ဦးတည်း​သောသူကကျွန်တော်ချစ်ရသူ...

ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးတာနဲ့သူမသိ​အောင်ကျွန်တော်ထွက်​သွားမည်။သို့​သော်ကျွန်တော်မသွားခင်သူ့ကိုကျွန်တော်ဘယ်​လောက်ချစ်တယ်ဆိုတာရယ်သူနဲ့တူတူ​နေချင်တာရယ်၊သူကျွန်တော်တို့​မောင်နှမကိုခွင့်လွှတ်ဖို့ရယ်ကိုဘယ်လို​ပြောခဲ့ရမလဲ....အတန်ကြာစဥ်းစားပြီး​နောက်ကျွန်တော်နည်းလမ်း၁ခုရခဲ့သည်။ကျွန်တော်ဗီဒီယို​လေး၁ခုရိုက်ပြီးmemory stick​လေးထဲကူးပြီးကျွန်တော်သွားမဲ့​နေ့မှာကို့အခန်းထဲမှာထားခဲ့မယ်...
အင်း..ဟုတ်တယ်အယ့်တာအ​ကောင်းဆုံးပဲ.....

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now