💟Part19💟

12.3K 613 7
                                    

ကျွန်တော်မဟုတ်​သောသူမနှင့်​ပျော်​နေ​​သောလူကြီးကိုကြည့်ကာရင်ထဲတွင်မခံစားနိုင်​တော့သည့်အဆုံးအခန်းထဲသို့သာပြန်လာခဲ့သည်...ကျွန်တော့်အဖြစ်ကိုကျွန်တော်သနားမိသွားသည်...

အရင်တုန်းကလည်းကျွန်တော်ကပဲတဖက်သက်ချစ်ခဲ့ရပြီကျွန်တော်ကပဲတဖက်သက်သဝန်တိုခဲ့ရတာပဲ...သူက​တော့ကျွန်တော့်ကိုလှည့်​တောင်မကြည့်ခဲ့ဘူးပဲ...ဒါဆိုကျွန်တော်​မေ့​နေတုန်းကသူ​ပြောတာ​တွေက​ကော..သူကျွန်တော့်ကိုထပ်ပြီးအသုံးချဦးမလို့လား...ဒီ၁ခါဆိုကျွန်တော်ခံနိုင်ရည်ရှိမှာမဟုတ်​တော့ဘူး.....ကျွန်တော်သူ့ကိုပစ်ပစ်ခါခါမုန်းပစ်ချင်တယ်...ပြန်မှတ်မိ​ပေးတဲ့ဦး​နှောက်ကိုလည်းမုန်းတယ်.. သူ့ကိုချစ်​နေတဲ့ကျွန်တော့်ကိုကျွန်တော်လည်းမုန်းတယ်..ဒါ​ပေမဲ့သူ့ကို​​တော့မ​မေ့ပစ်ချင်ဘူး...ဘာလုပ်ရမလဲ....ကျွန်တော့ရင်ကိုမခွဲပါနဲ့​တော့လား....

"ဝိုင်း!!ဝိုင်း.."

ရှိန်းအခန်းထဲသို့ဝင်လာပြီး​နောက်သူ့အား​ကျော​ပေးထိုင်​နေ​သော​ကောင်​လေးကို​ခေါ်​နေ​သော်လည်းလှည့်မကြည့်..ခန္ဓာကိုယ်​လေးသည်သိမိ့သိမ့်တုန်​နေသည်...

"ဝိုင်း..ငို​နေတာလား...ဘာလို့လဲ...ဘာလို့လဲဟင်.."

ထို​ကောင်​လေး၏မျက်ရည်၁စက်သည်ယခုချိန်မှာ​တော့ကျွန်တော့်ကမ္ဘာကြီးကိုပြာကျသွား​စေသည်...

"အဟင့်...ဘာမှမဟုတ်ဘူး..."

​ခေါင်းငုံ့၍သာ​ဖြေလာ​လေသည်.....

"ဘာမှမဖြစ်ရင်ကိုယ့်ကိုကြည့်..."

"ဟင့်အင်း...မကြည့်ဘူး..ဒီ​နေ့​နေမ​ကောင်းလို့ပါ...ဘာမှမဖြစ်ဘူး...."

ဒီက​လေးလိမ်​နေပြန်ပါပြီ...ဘာလို့လဲဝိုင်းရယ်...ကိုယ့်ကိုဘာလို့မ​ပြောပြနိုင်ရတာလဲ.....

"ဒီ​နေ့ကိုခန့်နဲ့အိပ်လိုက်မယ်...သူ​ဌေးကိုအဖျားကူးမှာစိုးလို့...."

"ရပါတယ်...မဟုတ်တာ...ကိုနဲ့ပဲအိပ်....ကိုအဆင်​ပြေတယ်....."

"ဟင့်အင်း...ရတယ်..ကိုခန့်နဲ့ပဲသွား..."

"​တော်​တော့!!!မကြားချင်ဘူးကိုခန့်ဆိုတာကို..."သူ​အော်လိုက်မိ​တော့မျက်ရည်​လေး​တွေဝိုင်းလာကာ​အော်ငို​လေရဲ့.......

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now