Chapter (8)

1.7K 160 5
                                    

Skip
ဤသို့ဖြင့် ခရစ်စတယ့်ဒယ်ဒီလည်း ကန်သာယာဆေးရုံကြီးသို့ရောက်ခဲ့ကြသည်...

" ရောက်ပြီဆရာ...ကျနော်ပါကင်ထိုးနှင့်
ဦးမယ်..."

" အေး.."

ဦးမြင့်မြတ်အောင် ကားပေါ်မှ အလျှင်အမြန်ဆင်းလိုက်သည်...အခုအချိန်က စိုးရိမ်
ရတဲ့အခြေအနေကိုရောက်နေပြီဆိုတာ
သူရိပ်မိသည်..ဆေးကောင်တာဘက်သို့
လျှောက်သွားပြီး..

" အခန်းနံပါတ် 108 ကဘယ်မှာလဲဗျ"

" အပေါ်ထပ်မှာပါရှင့်..ညာဘက်ကိုနည်းနည်း ထပ်လျှောက်သွားမယ်ဆိုရောက်ပါ
ပြီရှင့်..."

" ကျေးဇူးပါ.."

ထိုကောင်မလေးညွှန်ပြသည့် အတိုင်းသွားခဲ့ရာ အခန်း 108 ကိုတန်းတွေ့လေသည်...ထိုအနားတွင် ဆရာဝန္မ်ား နာ့စ်
များအလုပ်ရူပ်နေကြသည်...

" တဆိတ်လောက်ပါ.."

ထိုအခါမွ ဒေါက်တာတစ်ဦးက
" အစ္ကို က ကလေးမလေးရဲ့အုပ်ထိန်း
သူလားဗ်.."

" ဟုတ် ပါတယ်..သူအခုအခြေအနေဘယ်လိုလဲသိချင်တယ်.."

" အခုသူ့ကို အရေးပေါ်အဆောင်ရွှေ့ဖို့
ပြင်ဆင်နေကြတယ်..ပြီးရင်တော့ ခွဲခန်း
ဝင်ရလိမ့်မယ်..အခုအခန်းမအားသေးလို့
15 မိနစ်ကြာရင် အားလုံးဒီကနေထွက်
ကြလိမ့်မယ်..."

" ကျနော်သူ့ကို အခုတွေ့ခွင့်ရှိမလား.."

" ကြည့်ချင်တော့အပြင်ကနေပဲ ကြည့်
လို့ရပါတယ်...အထဲကို ဆရာဝန်တွေက
လွဲလို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားပါဘူး"

ဦးမြင့်မြတ်အောင် တံခါးပေါက်ကနေသာလှမ်းကြည့်လိုက်သည်..သူ့ချစ်လှစွာ
သော သမီးသည် ဆေးရုံခုတင် ပေါ်တွင်
ငြိမ်သက်စွာ လှဲလျောင်းနေသည်..
တစ်ကိုယ်လုံလည်း သွေးတွေလူးပေနေ
သည်...ငါ့သမီးရယ် အဖြစ်ကလည်း ဆိုး
လှချည်လား..

" ဆရာဝန်ကြီး တကယ်လို့သူခွဲစိတ် ခဲ့
မယ်ဆိုရင်ရော ပုံမှန်အတိုင်း ပြန်ဖြစ်လာ
နိုင်ပါ့မလား.."

" ဒါကေတာ့ လူနာနဲ့ လူနာရှင်အပေါ်မှာမူတည်ပါတယ်..ကျနော်တို့ အတတ်
နိုင်ဆုံးကြိုးစားကြည့်ပေးပါမယ်..ပြန်ကောင်းလာရင် ကောင်းလာနိုင်သလို...
နောက်ဆုံးအကြိမ်တွေ့ရတာလည်းဖြစ်
နိုင်ပါတယ်...တစ်ဝက်တစ်ဝက်ပေါ့....
ကျနော်တို့ 50 ရာခိုင်နှန်းပဲ အာမခံနိုင်ပါ
တယ်..."

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now