Chapter (17)

1.7K 152 11
                                    

" အရာရာတိုင်းသည် သူ့အကြောင်းနှင်
သူဖြစ်တည်လာကြသည်...သဇင်ဆိုတဲ့ကောင်မလေးကလည်း မေ ဆိုတဲ့သူအတွက်ဖြစ်တည်လာသည်...တစ်ကယ်လို့မေဆိုတာ
မရှိရင် သူမလည်းရှိလာမည်မဟုတ်.....
ဇာတ်လမ်းက လှပသည်ဖြစ်စေ.. ဆိုးရွားသည်ဖြစ်စေ သူမချစ်တဲ့သူက မေ တစ်ယောက်တည်းသာ..."

......................ချစ်သောသူမ....................

Crystal ထိုင်နေရာဖြည်းဖြည်းချင်းထလိုက်သည်။ လက်ထဲမှ ပန်းစည်းလေးအား
အုတ်ဂူဖြူဖြူလေးပေါ်သို့အသာတင်လိုက်
သည်။ အခုဆို ဒယ်ဒီဆုံးသွားတာတောင်တစ်နစ်တောင်ရှိခဲ့ပြီပေါ့...နှစ်တွေအလီလီပြောင်းလဲလာခဲ့သလို သူမရဲ့
ဘဝဟာလည်း တဖြည်းဖြည်းပြောင်း
လဲလာခဲ့သည်။ Daddy ဆုံးသွားပြီးကတည်းက ကုမ္ပဏီကိစ္စအားလုံးကို
သူမကိုယ်တိုင်တာဝန်ယူခဲ့သည်။ မာမီ
ကလည်း နှလုံးရောဂါ ရှိသည့်အတွက်
တစ်ယောက်တည်းမလွှတ်ထားနိုင်။

သူမလည်း ဒယ်ဒီ ဆုံးပြီးမှနောင်တရ
နေမိသည်။ မိသားစုကိုအရင်ထက်ပို
ဂရုစိုက်တတ်လာသည်။ သို့သော် အရင်လို ဘုဆတ်ဆတ်ပြောတတ်သော အကိင့်လေးတော့မပျောက်သေး ။ နောက်
ထပ်ပြောင်းလာတာ တစ်ခုရှိသေးသည်
သူမနှင့် သဇင်ရဲ့အခြေအနေက ပေါ့
အရင်ကထက်စာရင်တော့သူတို့အခြေအနေကနည်းနည်း ပိုကောင်းလာသည်ပြောရမည်။ဘာကြောင့်မှန်းတော့မသိ ။ သူ့ပင်ကိုကလည်း တစ်ခါတစ်လေနားမလည်းနိုင်အောင်ထဖောက်
တတ်သည်။

အိုး.. အခုပဲ 1 နာရီခွဲနေပြီ...ကုမ္ပဏီတစ်ချက်ဝင်လိုက်ဦးမည်။ သူမလက်နှစ်ဖက်ကို အိပ်ကပ်ထဲထည့်ကာ အဖြူရောင်ကားလေးဆီသို့ထွက်လာခဲ့သည်။ ရုတ်တရက် ဘောင်းဘီ
အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသည်။
အိပ်ကပ်ထဲမှဖုန်းကို ရွှီးကနဲ ဆွဲထုတ်လိုက်သည်။

" ဟယ်လို..."

" hello "

" ဘယ်သူလဲ..."

" ဘာကိုဘယ်သူ ရမှာလည်း...ငါ့ကိုမသိဘူးလား...#& s$%"

" မသိဘူးကွာ...ပြောစရာရှိတာပြော
အာရုံနောက်တယ်..သူများက အားယား
နေတာမဟုတ်ဘူး..."

" သူက ပဲပြောရတယ်ရှိသေး....
မသိရင်မှတ်ထား ငါနင်ရဲ့ယောက်ဖ Justin ဟဲ့..."

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now