Chapter (10)

1.7K 186 10
                                    

Crystal သတိမရလာမချင်းနှင်းက သူမ၏
ကိစ္စအားလုံးကိုမညည်းမငြူပင်ဆောင်ရွက်
ပေးခဲ့သည်..သူမ ဂျူတီ အားလပ်သည့်အချိန်တိုင်း Crystal နှင့်စကားပြောပေးနေ
ခဲ့သည်။ ဆရာဝန်တစ်ဦး၏တာဝန်အရသာ
မက မိသားစုဝင်တစ်ဦးအနေနှင့်လည်း နွေး
နွေးထွေးထွေး ဆက်ဆံပေးခဲ့သည်....
အစဦးစွာ ရက်များတွင်တော့ ဒယ်ဒီက
နေ့တိုင်းလာကြည့်ပြီး အားပေးစကားပြော
သည်...နောက်ပိုင်းတော့ ကုမ္ပဏီ ကိစ္စများ
နှင့်သိပ်မအားလပ်ပုံရသည်...တစ်ပါတ် တစ်ခါသာ လာတွေ့နိုင်သည်...သို့သော်ငြား
လည်း မေလေးအား တစ်ခြားသူများနှင့်
စိတ်ချလက်ချလွှတ်တော့မထားပေ..
သူမက ဒယ်ဒီအတွက်သာမက တစ်အိမ်သား
လုံး၏ အရေးပါသူတစ်ဦးပင်မဟုတ်ပါလော
နောက်တစ်နည်းဆိုရလျင် သူမချစ်မြတ်နိုး
ရသူတစ်ဦး.။

ထိုသူမအားတစ်ခြားသူတစ်ဦးနှင့် စိတ်ချ
ရမည်လား...မဖြစ်နိုင်ပေ။သူများတွေကတော့ထုံးစံအတိုင်းပြောသည်...

" အားလပ်ရက်လေး...အနားလေးဘာလေး
ယူပါဦး..နင့်ပုံစံကလူနာနဲ့တောင်တူနေပြီဟု
ပြောသည်။သို့သော်သူမကတော့ ပြုံးလျက်
ပင်ပြန်ပြောသည်...

" သူကကျွန်မထက်အရေးပါတဲ့သူမို့လို့ပါ။
မနိုင်ကြတော့သည့်အဆုံးတော့လွှတ်ထား
လိုက်ကြသည်။
အင်း....ဒီလိုနဲ့ Crystal သတိရလာမည့်နေ့တို့
တစ်ဖြည်းဖြည်းနီးကပ်လာသည်ပဲ..သူလည်း
မေလေးနဲ့နောက်ဆိုတွေ့ရဖို့အခွင့်အရေးမရှိ
တော့ပေ...Duty များနှင့်မအားလပ်သည်က
တစ်ကြောင်း..သူမကိုစိတ်အနှောင့်အယှက်
မဖြစ်စေလိုသည်ကတစ်ကြောင်း၊အကြောင်း
အမျိုးမျိုး ကြောင့်သူမအနားကထွက်ခွာသွားရတော့ပေမည်...တွေးရင်းနှင့်မျက်ရည်
တွေဝဲတက်လာသည်...

" ဒေါက်...ဒေါက်...ဒေါက်...."
ထိုအချိန်တွင်အပြင်ဘက်မှတံခါးခေါက်သံ
ကိုကြားလိုက်ရသည်...နှင်းဆီပန်းတစ်စည်း
နှင့်အပေါက်ဝတွင် Justin ရောက်နေသည်
ဟုတ်သားပဲ...မနက်ကသူဖုန်းဆက်ပြီးခေါ်
ခဲ့သည်လေ...

" နှင်းဆီပန်း ဒီကိုပေး..."

" အင်း...နေပါဦး...နင်ငိုထားတာလား...
ပြီးတော့မျက်တွင်းတွေလည်းချိုင့်နေရော
ညဘက်မအိပ်ဘူးလား..."

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now