Chapter (22)

3.3K 202 29
                                    


" အချစ်က တစ်ခါ တစ်ရံမှာ ခန့်မှန်း လို့မရဘူး...ကိုယ်ဝေးဝေးလံလံ လိုက်ရှာ မိခဲ့ပေမဲ့ ကိုယ့်အနီးအနားမှာ ရှိနေတယ်ဆိုတာ သတိမထားမိကျဘူး...တစ်ကယ်ပဲ အဲ့လိုသာဆို ငါ့ကို တစ်ကယ်ချစ်တယ့်သူက ငါ့နားမှာ ရှိနေနေနိုင်တယ်ပေါ့...." ..

..............................................................

ဝါး ခနဲ တစ်ချက်သန်းလိုက် ကာ ဆေးကုတင်ကုတင်ပေါ်တွင် ခြေဆန့်လက်ဆန့် ပြီး အိပ်လိုက်သည်။ ဒီနေ့တွေ သူ့အတွက်နားရက်ဖြစ်၍အကျိုးရှိရှိ အနားယူရမည်။ နောက်ရက်များမှ စ၍ သူသည် ကုမ္ပဏီ အရူပ်တော်ပုံ ကိစ္စများနှင့် တစ်ဖန် လုံးပန်းရဦးမည်။

မဆီမဆိုင်ပင် ထိုနေ့က ကိစ္စကို ရုတ်တရက် မျက်လုံးထဲတွင်ပြန်ပေါ်လာသည်။ သူ့ကို ဘာကိစ္စ ဘာအကြောင်း ကြောင့်ပြန်ပေးဆွဲသည် ကိုလည်း သိချင်မိသည်။ ဆိုးတာက သူ့အနားဆို တော်ရုံလူတွေကပ်ရဲတာ မဟုတ်... အမြဲတမ်း Security အပြည့်ရှိနေသည်။ Personal ကိစ္စတွေနဲ့ အပြင်ထွက်လျှင်တော့တစ်ယောက်တည်းသာ သွားလေ့ရှိသည်။ ဒါကို သိထားတဲ့ သူ့ကို ဥာဏ်ကောင်းလွန်းသည်ဟု ချီးကျူးမိသည်။

သူ့အတွက်က ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ သိပ်ပြီး ထိတ်လန့် အံ့သြမနေခဲ့။ သူကြုံခဲ့ရဖူးသည်.... လွန်ခဲ့သော ဆယ်နှစ်ကအမေရိကားမှာပညာ သွားသ်စဉ်အခါက....

Flash Back

ထိုနေ့ကမိုးတွေ အသဲအသန်ရွာပြီး လျှပ်စီးတွေတဖျပ်ဖျပ်လက် နေသည်။
အဆောင်ထဲတွင် Crystal တစ်ယောက်တစ်ယောက်တည်း စောင်ကိုခေါင်း မြီး ခြုံပြီးကွေးနေသည်။ အခုအချိန်မှာ သူမ အိမ်ကိုအရမ်းလွမ်းနေသည်။ 11 အရွယ်ကလေးတစ်ယောက်ပို သူ့မိဘ များက ကောင်းစားစေချင်သည်ဟု ခေါင်းစဉ်တပ်ကာ မည်သည့် ဆွေမျိုး မှ မရှိသော America ကိုပို့ခဲ့သည်။

သူမရဲ့ အကို ဖြစ်သူ ( မယားကြီးသား )
ကိုပါထည့်ပေးလိုက်သည်။ ထိုစဉ်က သူမအသက်က 11 နှစ် သူ့အသက်က 16 နှစ်...

ကျီကနဲ အမည်လာသော တံခါးဖွင့်သံကြောင့် တစ်သုံတစ်ယောက် ဝင်လာသည်ကို သူမသိသည်။

" မင်းဘာလာလုပ်တာလဲ..."

ထွက်လာသော အသံခပ်ဆတ်ဆတ်က
ကလေးတစ်ယောက်နှင့်ပင်မလိုက်အောင်...

You've reached the end of published parts.

⏰ Last updated: Jan 08, 2021 ⏰

Add this story to your Library to get notified about new parts!

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now