Chapter (16)

1.8K 156 14
                                    

" နှလုံးသားနဲ့ ဦးနှောက်နဲ့ ယှဉ်ရင် နှလုံး
သားကိုဘယ်တော့မှ မရွေးချယ်မိစေနဲ့...
နှလုံးသားကို ရွေးချယ်မိတဲ့သူဟာ အရာရာ
မှာ ရူံးနိမ့်ရလိမ့်မယ်...အထူးသဖြင့် အချစ်ဆို
တဲ့ နေရာမျိုးမှာပေါ့...စွဲစွဲလမ်းလမ်းချစ်မိ
ခဲ့ရင် ချစ်မိသူက ရူံးနိမ့်ရစမြဲပဲ...."

.....................ချစ်သောသူမ...........................

မနက် 10 နာရီ 30 မိနစ်

နိုးစက်၏ တ တီတီ ဆူညံမှုကြောင့်
Crystal အိပ်ရာထဲမှ ရုတ်တရက်လန့်နိုး
လာသည်။ မနေ့ကသောက်ထားတဲ့အရှိန်
ကြောင့် ခေါင်းနည်းနည်း နေသည်။ သို့သော်
မနေ့က ကိစ္စကိုတော့သူမ လုံးဝမှတ်မိမည်
မဟုတ်။ အိပ်ယာမှလေးပင်စွာထပြီး ရေမိုး
ချိုး ၊ အဝတ်အစားလဲ လိုက်သည်။ ဒီနေ့
ကုမ္ပဏီသွားရဦးမည်။ မာမီကလည်း အသိမိတ်ဆွေများနှင့် တွေ့ဆုံပွဲရှိ၍ ကုမ္ပဏီ
မသွားနိုင်ကြောင်း မက်ဆေ့ချန်ခဲ့သည်။
Company product အသစ်နှင့် ပတ်သတ်
၍ ဆွေးနွေးပွဲ ကိုတက်ရန် မှာထားသေးသည်

ဪ ကောင်းလိုက်လေ။ အားလုံးက
ငါ့ခေါင်းပေါ်မှာပဲ ...။ ဒယ်ဒီ..ဒယ်ဒီကတော့မနကျဆိုအမွဲတမျး သတင်းစာတစ်ခုကိုထိုင်
ဖတ်နေတတ်သည်။ ဒီနေ့တော့ မတွေ့မိ။ ဟိုနေ့ကကိစ္စတွေအတွက် စိတ်ဆိုးသွားလားမသိ။ စိတ်ဆိုးလည်း မတတ်နိုင် ဒါငါ့အမှားမှမဟုတ်ပဲ...ပါရာဒို ကားအဖြူရောင် ထဲသို့
စမတ်ကျကျ ဝင်ထိုင်ကာ ကုမ္ပဏီ ဆီသို့ထွက်လာခဲ့တော့သည်။

ရုတ်တရက် အပြင်ဘက်ကို ကြည့်လိုက်
မိတော့ မိုးတွေအုံ့မှိုင်းနေသည်။ ညိုမဲနေသော မိုးသားတိမ်လိပ်များက ဆိုးရွားသည့်
ရာသီဥတုအခြေအနေကို ဖော်ပြနေသည်။
မကြာမီပင်မိုးက သဲ ကြီး မဲ ကြီး ရွာချတော့
မည်။ သူတို့ကားလေးသည် ကုမ္ပဏီ မရောက်
မီ ဆေးရုံရှေ့ကဖြတ်သွားလေ့ရှိသည်။

တစ်နေရာအရောက်

" ဟိုမှာ လမ်းလျှောက်နေတာ မမလေးသဇင်
မဟုတ်လား..."

Crystal အပြင်ဘက်သို့ကြည့်လိုက်မိသည်။
မိုးတွေတဖွဲဖွဲကျနေသည့် အထဲတွင် သူမ
လမ်းလျှောက်နေသည်။ ထီးလည်းမပါ..

" အင်း...ဟုတ်တယ်လေ..."

" မိုးက ကြီးမယ်ထင်တယ်...သခင်မလေး..
မိုးစိုပြီး အဖျားတက်ရင်ဖြင့်..."

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now