Chapter (15)

1.7K 154 13
                                    

" လူတွေက သူမကို နှလုံးသားမရှိဘူးတဲ့သူလို့ပြောကြတယ်...ဒါပေမဲ့သူမက နှလုံးမရှိ
တာမဟုတ်ဘူး...သူမရဲ့နှလုံးသားက အေးစက်နေခဲ့တာ...ပိုင်ရှင်မဲ့နေခဲ့တာ
တကယ်လို့သာ သူမကိုတစ်ကယ်ချစ်တဲ့သူသာရှိလာရင် ပိုင်ရှင်မဲ့ နှလုံးသားလေးက ပြန်အသက်ဝင်လာနိုင်မည်လို့မျှော်လင့်မိပါသည်...."

.....................ချစ်သောသူမ.........................
သူမ အခန်းထဲမှထွက်မည်အပြုတွင် သူမလက်ကိုလှမ်းဆွဲခံလိုက်ရသည်။

" အာ့..."
လှည့်ကြည့်မိတော့ ခပ်စူးစူးမျက်ဝန်းတစ်စုံ

Crystal ရင်ခွင်ထဲဘုတ်ခနဲပြုတ်ကျသွားသည်။ တစ်ယောက်နှလုံးခုန်သံတစ်ယောက်
ကြားရသည်အထိနီးကပ်သွားသည်။
နှလုံခုန်သံတွေက ပုံမှန်ထက် အဆ 100 လောကျပိုမွနျနသေညျ။ ရှူထုတ်လိုက်သော
လေများက သူတို့နှစ်ကိုယ်ကြားမှာရိုက်ခတ်နေသည်။ အစပိုင်းမှာတော့ မေကအောက်
မှာ သဇင်က သူ့ရင်ခွင်ထဲမှာ...ယခုတော့
အခြေအနေတွေပြောင်းလဲသွားသည်။

Crystal က သူမအပေါ်မှအုပ်မိုးထားပြီး
သူမကတော့ နူးညံသောမွေ့ယာပေါ်မှာ.... တံတောင်နှစ်ဖက်ကိုထောက်လျက်...Crystal
တစ်ဖြေးဖြေးရှေ့တိုးလာလေ သူမကနောက်
သို့ဆုတ်မြဲဆုတ်သွားသည်။ ဘာကြောင့်လဲ
ဆိုတော့ သူမကိုယ်တိုင်လည်း နားမလည်။
နောက်ဆုတ်ရင်းဆုတ်ရင်း...တဖြေးတဖြေး
သူမ ကျောပြင်က နံရံနှင့်ကပ်လျက်ဖြစ်သွား
သည်။ ချွေးစေးတွေပြန်နေသောသူမအား
ရီဝေဝေကြည့်ရင်း လက်နှစ်ဖက်နံရံတွင်
ထောက်ထားလိုက်သည်။ သူမပြေးမလွတ်
နိုင်တော့။

မတတ်နိုင်။ သူအစားခံရတော့မည်။ ဒီလို
အခြေအနေကိုမရင်ဆိုင်နိုင်သေးတာမို့ မျက်နှာကိုတစ်ဖက်သို့သာ လွှဲထားလိုက်သည်။ မေက သူမရဲ့ မေးဖျားလေးကိုဆွဲ
ယူပြီး နုတ်ခမ်းနှစ်လွှာကို တင်းတင်းဖိကပ်
လိုက်သည်။ အောက်နုတ်ခမ်းကို ဖြေးဖြေး
ချင်းစုပ်ယူလိုက်သည်။ နူးညံ့သည်လည်းမမည် ကြမ်းတမ်းသည်လည်း မဟုတ်သော
အထိအတွေ့မျိုးပင်။ သူမနုတ်ခမ်းများကို
တင်တင်းစေ့ထားမိသည်။ သို့သော်..
Crystal က သူမနုတ်ခမ်းပါးပါးလေးကို
သွားနှင့်ဖိကိုက်လိုက်သည်။ နာကျင်မှုကြောင့် သူမနုတ်ခမ်းလေးပွင့်သွားသည်။.

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now