Chapter (9)

1.6K 194 7
                                    

At other side
နှင်းဒယ်ဒီနှင့်စကားပြောပြီး ခွဲစိတ်ဆောင်သို့ထွက်လာခဲ့သည်...

" လူနာအခြေအနေကဘယ်လိုလဲ..."

" အခုတော့အောက်ဆီဂျင်ပေးထားပါတယ်..."

" အိုခေ...ဒါဆိုစလိုက်ရအောင်...မစခင် လူနာရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းလေး ပြကြည့်ပါဦး....ပိုပြီးအဆင်ပြေတာပေါ့..."

" ဒီမှာပါရှင့်..."

သူနာပြုမလေးထက်ထဲကိုထည့်ပေးလာသောစာရွက်အားအကြမ်းဖျင်းကြည့်လိုက်
သည်...
အုပ်ထိန်းသူ....ဦးအောင်မြင့်မြတ်
အမည်....ခရစ်စတယ်မေ

နှင့်အံသြလွန်းအားကြီး၍စာရွက်ပါလွတ်ကျ
မတတ်ဖြစ်ဖြစ်သွားသည်...ဒါဆို တကယ်ပဲ
လား...ဒယ်ဒီပြောသွားတာကိုပြန်ပြီးသတိရသွားသည်...

#" ဟင်.. သမီးဒီကိုဘာလာလုပ္တာလဲ.."

" သမီးက ဒီနေ့ခွဲစိတ်ဖို့အရေးကြီး လူနာ
ရှိတယ်လေ...သူက ကားအက်ဆီးဒင့်
ဖြစ်တာ အခြေအနေတော်တော် ဆိုးတယ်
တဲ့...အဲ့တာကြောင့်ပါ.."

" ဪ...သမီး သူ့ကိုအကောင်းဆုံး
ဖြစ်အောင် ယုံကြည်ချက်ရှီရှိနဲ့ လုပ်ပေး
ပါနော်..."#

ဒယ်ဒီပြောလိုက်သောစကားများကသူ့နားထဲ
တွင်ပဲ့တင်ထပ်နေသည်...

" အခု သူဘယ်မှာလဲ..."

" အရေးပေါ်ခန်းထဲမှာပါ...."

" အခုချက်ချင်းသူ့ကိုသွားခေါ်ခဲ့ပါ...ဒီကိစ္စ
ကအချိန်ဆွဲလို့မဖြစ်ဘူးဆိုတာမှတ်ထားပါ"

" ဟုတ်ကဲ့...အခုပဲသွားလိုက်ပါ့မယ်..."

ခဏအကြာတွင် ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာလှဲလျောင်းနေသောသူမအားတွေ့လိုက်ရသည်..တစ်ကိုယ်လုံလည်းသွေးစတွေ
နှင့်... အောက်ဆီဂျင်ပိုက်ကိုတပ်ထားကာ
ခေါင်းတစ်ဖက်စောင်း၍မေ့မြောနေလေသည်
မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည်

မေလေးရယ်...မေလေး ဘယ်လိုတောင်ဖြစ်ကုန်တာလဲ...မမဖြင့်လုံးဝကိုမယုံနိုင်ဘူး....
ဒယ်ဒီ့ရဲ့မျက်နှာကိုပြန်မြင်ယောင်လာသည်..
ထို့နောက် သူမ၏မျက်နှာထက်တွင်မျက်ရည်
များအဆက်မပြတ်ကျလာတော့သည်။

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now