Chapter (21)

1.7K 141 21
                                    

Author pov
Chapter 1 ကနေ 20 အထိဖတ်ပြီး ဒီအပိုင်းကျော်သွားရင်တော့ တစ်ကယ် နောင်တရလိမ့်မယ်..😆 နောင်တမရချင်ရင်တော့ဖတ်ပေါ့

.......................
" မင်း ငါနဲ့ဝေးရာ နေရာကိုသွားနိုင်တယ်...
ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့....ဒါပေမယ့် တစ်ခု တော့မှတ်ထား...မင်းဘယ်နေရာသွားသွား ငါ့ဆီပဲပြန်ရောက်လာလိမ့်မယ်...ဘာလို့လဲဆိုတော့ ငါက မင်းရဲ့..

" ကမ္ဘာဖြစ်နေလို့..."

.....................................................................

အလုံးစုံကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသော Justin သည် ထိုနေမှပြေးထွက်ရန် ကြံလေတော့သည်။ သို့သော် အမြင်အာရုံတွင်သူ့ထက်သာသူ နှစ်ယောက်မရှိသော သူမသည် မြင်ဖြစ်အောင်မြင်လိုက်ပါသည်။

" နေဦး....မင်းဘယ်သွားမလို့လဲ..."

ဟာ...သွားပါပြီ သူ့ဘဝကတော့ ထွက်ပြေးဖို့ ကြံပါတယ် ဆိုကာမှ... စပ်ဖြီးဖြီး မျက်နှာပေးနှင့် တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။

" ပြော...မင်းဘာလို့ထွက်ပြေးသွားတာလဲ.."

Crystal ကသူ့အားခပ်တည်တည်စိုက်ကြည့် ရင်းတစ်လုံးချင်းမေးသည်။

" ဪ...အဲ့တာက..နင်သတိရသွားပြီဆိုတော့ ဆရာဝန်သွားခေါ်ပေးမလို့လေ..."

သူခေါင်းကို လက်ဖြင့် ကုတ်ရင်း ဖြေသည်။

" မင်း..လက်ကဘာဖြစ်တာလဲ..."

သူ့လက်ကိုပြန်ကြည့်လိုက်မိသည်။ သူ့လက်မှာ ပတ်တီးအဖွေးသားနှင့်...၊

" ဪ....အဲ့တာက ဒီလို ဒီလို ရှိတယ်ဟာ "

Justin ကသူတို့နှစ်ယောက်လုံး၏ ကယ်တင်ခြင်းလုပ်ငန်းစဉ်ကိုတစ်ခုခြင်း ရှင်းပြပြီးနောက် မောဟိုက်စွာဖြင့် လေပူများကို မူတ်ထုတ်လိုက်သည်။ ထိုအခါမှ Crystal လည်း
ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် သူတို့ကိုပဲ ကျေးဇူး တင်သလိုလို...သနားသလို လို အကြည့် နှင့်
ကြည့် နေသည်။ ထို့နောက် စိတ်မပါတပါနှင့်
စကားလုံးနှစ်လုံးကို ပြောလိုက်သည်။

" ကျေးဇူး..."

Justin အနည်းငယ်အံ့သြသွားပြီး ပြုံးသာ ပြုံးပြလိုက်သည်။ ဘာလို့လဲဆိုတော့ Crystal ဟူသော သူမသည် ကျေးဇူးတင်စကားနှင့် တောင်းပန်စကားကိုဘယ်တော့
မှမဆိုဘူးခဲ့ချေ။ သူနဲ့စတွေ့ကတည်းက အခု အချိန်ထိပေါ့... ဒါကအားလုံး သိပြီးသားလို့ထင်ပါသည်..။

ချစ်သောသူမ (ချစ်​သောသူမ )Kde žijí příběhy. Začni objevovat