Chapter (11)

1.7K 162 6
                                    

" အင်း ဒါဆိုလည်းပြီးတာပဲလေ...ငါသွားလိုက်ဦးမယ်...သူစောင့်နေလိမ့်မယ်..."

" အင်းမြန်မြန်သွားလေ..."

Justin နှင်းအားကျောခိုင်းကာ ဆိုင်ဘက်ဆီ
သို့ဦးတည်ခဲ့လေသည်။ အင်း...သူ့ဘဝကလည်းတကယ်ကိုမလွယ်ပါလား...သူကချစ်
သလောက် ဟိုကမုန်းနေတာကိုး...ဘာပဲဖြစ်
နေပါစေ သူ့သူငယ်ချင်းနှစ်ယောက် ကို အဆင်ပြေစေချင်သည်။ နှင်းရဲ့ခံစားချက်တွေကို ခရစ်စတယ့် အားနားလည်စေလိုသည်။ တစ်ဖတ်သတ် ချစ်ခြင်းကနာကျင်ရ
တယ်ဆိုတာ သူ့ကိုနားလည်စေလိုသည်။

သို့သော် ဒါတွေက သူ့ကိစ္စပင်မဟုတ်ပေ
သူနဲ့လည်း လားလားမျှမဆိုင်။ ဘယ်လိုကူ
ညီပေးရမှန်းလည်းမသိတော့ပေ။ သက်ပြင်း
အားဟူး ကနဲ့ မှုတ်ထုတ်ကာ လျှောက်လာ
ခဲ့တော့သည်။

သူ Crystal အခန်းရောက်လာချိန်တွင် အန်ကယ်လည်းရောက်နှင့်ပြီးဖြစ်သည်။
" အန်ကယ်ရောက်နေပြီလား...မြန်လိုက်တာ.."

" ဟုတ်တယ် သားလေး...သားဖုန်းဆက်တာ
နဲ့အန်ကယ်ချက်ချင်းအလုပ်ကနေထွက်လာတာ..."

" ဟုတ်လား...အားနာစရာကြီး... "

" မဟုတ်တာ...ကုမ္ပဏီ ကိစ်စှထကျ ခရစ်စတယ်ကပို အရေးကြီးတာပဲ..."

သူတို့နှစ်ဦးစကားတေံပြောနေကြသော်လည်း ခရစ်စတယ်ကတော့ ဘာတစ်
လုံးမှဝင်မပြောပေ။ ပြောစရာလည်းစကား
မရှိပေ။

" သမီး...အဆင်ပြေရဲ့လား..."

" ပြေပါတယ်.."
# အင်း...မေးဖို့သတိတော့ရပါသေး #
" ဒယ်ဒီ့မှာ စိတ်ပူလိုက်ရတာ..."

" မလိုပါဘူး... "

ဪ...သမီးက ငါ့ကိုတောင်စကားမပြော
ချင်ပါလား...ရပါတယ်လေ..သူလည်း အခု
မှ နေကောင်းတာ..အေးဆေးနေချင်မှာပေါ့

" ဒါဆို ဒယ်ဒီ သွားလိုက်ဦးမယ်နော်.."

" အင်း..."

" ကောင်းကောင်းသွားပါ အန်ကယ်.."

ဒယ်ဒီ ထွက်သွားတော့မှ Justin က ရေပုလင်းကို ခရစ်စတယ်အားပေးရင်းပြောလိုက်သည်။

" နင် အန်ကယ့်ကို ဒီလိုတော့မပြောသင့်ပါဘူး...သူကနင့်ကိုအရမ်းဂရုစိုက်တာ..ဒီကိစ္စ
ဖြစ်တုန်းကဆိုသူထမင်းတောင်ကောင်း
ကောင်း မစားနိုင်တာကိုနင်သိလား..."

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now