Chapter (20)

1.6K 138 13
                                    

မေ့ရဲ့ ရင်ဘတ်ကိုလက်နှင့်ဖိကာ အသက်ရှူလာအောင်အမျိုးမျိုးကြိုးစားကြည့်ခဲ့သည် ။ သို့သော် မည်သို့မှ မထူးခြားလာခဲ့ပေ။ နောက်ဆုံးတော့လည်း မတတ်နိုင်သည့်အဆုံး ပါးစပ်ထဲသို့ လေမှုတ်ထည့်ပြီး အသက်ကယ်သည့်နည်းကိုသာ သုံးရတော့မည်...တောင်းပန်ပါတယ် မေ ။ ဒါမေ့အသက်ကိုကယ်ဖို့ နောက်ဆုံးနည်းလမ်းဖြစ်နေလို့နေပါ...မမအခွင့်အရေးယူတယ်လို့မထင်စေပါဘူး...စိတ်ထဲမှအထပ်ထပ်တောင်းပန်ကာ စိတ်ပိုင်းဖြတ်လိုက်သည်...။

မေ့ ရဲ့မျက်နှာလေးအား အမြတ်တနိုးကြည့်လိုက်သည်။ ထို့နောက်တုန်နေသော လက်အား တည်ငြိမ်အောင်ကြိုးစားပြီး
မေ့ရဲ့ မျက်နှာအား ညင်သာစွာကိုင်လိုက်သည်။ ထို့နောက် နှခမ်းပါးလေးနှစ်ခုလား အသာလေးထိတွေပြီး လေကိုဖြေးဖြေး မူတ်သွင်းပေးလိုက်သည်။ သူမစိတ်တွေ ကိုမနည်းတည်ငြိမ်အောင် ကြိုးစားနေရသည်။ အခုအချိန်မှာအရေးအကြီးဆုံးက မေ့အသက်ကိုကယ်ဖို့ပဲမဟုတ်လား..

ထိနည်းအတိုင်း မူတ်သွင်းမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့....ရင်တွေလည်း တအားတုန်နေသည်။ မေ ပြန်မလာ တော့ရင်များ...ဆိုတဲ့အတွေးနဲ့..ကံကောင်း စွာဖြင့် မေ့ထံမှအသံရှူသံ မျှင်းမျှင်းလေး
ကိုခံစားလိုက်မိသည်။ ဝမ်းသာ အားရစွာ
ဖြင့် ပြောလိုက်သည်။

" Justin မေသတိလာရပြီ...ငါတို့ဒီနေရာကနေ အမြန်ထွက်သွားရအောင်..."

Justin ကခေါင်းငြိမ့်ပြလိုက်စဉ်နောက်မှ
နောက်မှခပ်လှောင်လှောင်အသံတစ်ခုကို ကြားလိုက်ရသည်။.

" မင်းကိုယ်မင်း သိပ်ဉာဏ်ကောင်းတယ်လို့ ထင်နေတာပဲ...ပြရသေးတာပေါ့.."

နောက်ကို လှည့်ကြည့်မိချိန်တွင် သံတုတ်ချောင်းခပ်ရှည်ကိုကိုင်ပြီးရပ်နေသော
လူတစ်ယောက်အား တွေ့လိုက်ရသည်။
ထိုလူက သံတုတ်အား တင်းကျပ်စွာကိုင်ပြီး သူတို့အားတိုက်ခိုက်ရန့်ကြိုးစား သည်။
Justin ကခေါင်းအနည်းငယ်ငုံ့ကာ ရှောင် လိုက်သည်။ ထို့နော် ပြတင်းပေါက် မှန်ကွဲစ အချို့ကိုသတိထားလိုက်မိသည်။ ထိုအချိန် တွင်တွင် သူ့အနောက်မှအရိပ်မည်းတစ်ခုကို မြင်လိုက်ရသည်။

ချစ်သောသူမ (ချစ်​သောသူမ )حيث تعيش القصص. اكتشف الآن