Chapter (14)

1.6K 150 20
                                    

" ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သူစိမ်းနှစ်ယောက်ရဲ့ ဆက်ဆံရေးလိုပဲ...
အမုန်းတရားတွေလည်းမရှိတော့သလို ချစ်ခြင်းဆိုတာလည်းမရှိဘူး....
လူတွေက ပြောကြတယ် အချစ်မရှိတဲ့ ကမ္ဘာ
က ပျော်ရွှင်မှုဆိုတာ မရှိနိုင်ဘူးတဲ့...တစ်ကယ်လည်း ငါ့ဘဝမှာ ပျော်ရွှင်မှုဆိုတာမရှိ
ခဲ့သလို ငါဘယ်သူ့ကိုမှလည်းမချစ်ခဲ့ပါဘူး.."

......................ချစ်သောသူမ.........................

Crystal တစ်ဖက်သို့လှည့်ပြီး စဉ်းစားနေမိသည် ။ ငါနှလုံးရောတော့ မရှိပါဘူး...မွေး
ကတည်းကအကောင်းကြီးပါ....ဟူး...ထားလိုက်ပါတော့....နှင်းဘက်သို့ မသိမသာလေး
လှမ်းကြည့်လိုက်သည်။ သူမကတော့သိပုံ
မပေါ်... ပြတင်းပေါက်ဘက်ခြမ်းလှည့်ထား
ပြီး မျက်လုံးများကိုမှေးထားသည်။ အနက်
ရောင် ဇာ အက်ျီနှင့် အနက်ရောင် ထဘီ skirt ကိုဝတ်ထားသောကြောင့် နဂိုဖြူသော
သူမ အသားအရေကို ပို ပေါ်လွင်စေသည်။

နေပါဦး...ဒီနေ့ငါဝတ်လာတာကလည်း အနက်ရောင် Shirt ကြီးမဟုတ်လား...အာ.
ငါဘာတွေ တွေးနေမိပါလိမ့်...နင်တော်တော့
Crystal... လျှောက်မတွေးနေနဲ့....ဟူး..
အိပ်မပျော်သော်လည်း ဟိုဟိုဒီဒီလျှောက်
ကြည့်နေမိသော သူမ၏ မျက်လုံး နှစ်စုံအား
အတင်းပိတ်လိုက်ရသည်။ Justin မောင်းနှင်
လာသော မာစီးဒီး ကားသည် အရှိန်မှန်မှန်
နှင့် ရွေ့လျားကာ Meeting hall ကြီးဆီသို့
ဦးတည်လျက်။

သဇင် အတန်ငယ်မှေးနေရာမှ မျက်လုံး
ဖွင်းကြည့်လိုက်သည်။ သူမက တော်ရုံတန်ရုံ
ဆို ကားမစီး...ကားမူးပြီး မကြာခဏအန်တက် ၍ ခရီးဆို ဝေးဝေးလံလံ ပင်သွားလေ့
မရှိ...ယခုတော့ အားနာပြီးလိုက်ခဲ့ခြင်းသာ
ပြီးတော့ မေလေး ။ မေ လိုက်မယ်ဆိုတာ သူမကို Justin လုံးဝမပြောခဲ့...နောက်မှသိလိုက်ရတော့ ရင်ဘတ်ထဲကဒုန်းကနဲ့။ ဒီလို
မှန်းသိရင် အကြောင်းပြချက်တစ်ခုခုနဲ့ ငြင်း
ဖြစ်အောင့်ငင်း ခဲ့မည်သာ ။

အခုတော့ မေ့ရဲ့ အကြည့်စူးစူးတွေကို သူ
ဘယ်လိုမှ မရင်ဆိုင်ရဲ ။ နှစ်စက္ကန့်ခွဲလောက်
အကြည့်ချင်းဆုံမိတာတောင် ရင်ဘတ်က
သေတော့မတတ်ခုန်နေသည်။ မေလေးသူမ
ကိုကြည့်နေတာ သိပါသည်။ သို့သော် ပြန်
တော့မကြည့်ရဲ တာမို့ သူမမျက်လုံးများကိုမှေးထားလိုက်သည်....ဒါတောင် အလိုက်မသိတဲ့ ရေမွှေးရနံ့က သူမနှာဖျားမှာလာရောက် ကျီစယ်လျက်။ ရူးမတတ်ပင်ဖြစ်
ရတော့သည်။

ချစ်သောသူမ (ချစ်​သောသူမ )Where stories live. Discover now