Part-1(Suicide love)

4.6K 205 3
                                    

(Unicode)

ကိုယ့်လိုငိုကြွေး
သူ့ဝဋ်ကြွေးလည်း
တစ်ပတ်ပြန်ကာ
ခံစားစေချင်
သို့သော် မတရား
လောကကြီးက
သူ့ကိုဆက်ကာ
အပြုံးဝေစေ။

ကိုယ်ကတော့ နေ့နေ့ညညငိုကြွေးနေရပေမယ့် သူကတော့ အပြုံးပန်းတွေဝေလို့ရယ်။ ကိုယ်ကတော့ ဘဝတစ်ခုလုံးပုံပေးကာ ချစ်ခဲ့ပေမဲ့ သူကတော့ အဲ့လိုမဟုတ်ခဲ့ဘူးထင်ပါရဲ့။ သူငယ်ချင်းလိုဘဲပြန်နေရအောင်တဲ့ သူအတွက် လွယ်လိုက်တာနော်။ အကြောင်းပြချက်မရှိ တစ်ဖက်သတ်လမ်းခွဲခံခဲ့ရတယ်။ သူ့ကိုပူဆွေးနေရမယ်လို့ ဆန္ဒမပြုပေမဲ့ ကိုယ့်အတွက်တစ်ခါလောက်တော့ ငိုကြွေးစေချင်မိတယ်။ ကိုယ့်အတွက်တစ်ခါလောက်တော့ စိတ်မကောင်းဖြစ်စေချင်မိတယ်။အရမ်းများအတ္တကြီးသွားလား။ ကျေးဇူးပြုပြီး တစ်ခါလောက်ဘဲဖြစ်ဖြစ် ငိုကြွေးပေးပါ၊ ဝမ်းနည်းပေးပါ၊နောင်တရပေးပါ အဲ့ဒါမှ ချစ်ခဲ့တယ်ဆိုတာကို ယုံကြည်နိုင်မှာမို့ပါ ၊ဂရုစိုက်မှုတွေက အလိမ်အညာတွေ မဟုတ်ဘူးဆိုတာကို ယုံနိုင်မှာမို့ပါ၊ ကျေးဇူးပြုပြီး တစ်ခါလောက်ပါပဲ တစ်ခါလေးပါပဲ။ ဒါပေမဲ့ နှလုံးသားမရှိတဲ့သူကတော့ တစ်ခါလေးတောင် ငိုကြွေးခြင်းမရှိခဲ့ဘူး။ နောင်ဘဝဆိုတာရှိခဲ့ရင် ကိုယ့်ကိုချစ်သောသူ ကိုယ်ကချစ်သောသူနဲ့သာ တွေ့ပါရစေ။ ပျော်ရွှင်ပါ‌စေ ချစ်သောသူရေ နှုတ်ဆက်ခဲ့ပါတယ်။

လက်ကောက်ဝတ်သို့ ချွန်ထက်သောအရာတစ်ခု ဖြတ်ပြေးသွားပြီးတဲ့နောက် နာကျင်မှုကိုခံစားရင်း park jiminဆိုတဲ့ ကောင်လေးတစ်ယောက် လူ့လောကထဲက ထွက်ခွါသွားလေသည်။

_____________________________________

နောင်တဆိုတဲ့ အချိန်နှောင်းမှရတဲ့ အသိတရားတစ်ခုက သိပ်ကိုခါးသက်လွန်းသည်။ သူ ကျွန်တော့်ကို နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ထားခဲ့သည်။ အလွမ်းပင်လယ်ထဲမှာ နှစ်မြှုပ်စေခဲ့သည်။

ကိုယ်ကသတ္တိနည်းတဲ့သူမို့ ဒီနောင်တတွေ၊အလွမ်း‌တွေရဲ့ဒဏ်ကို မခံနိုင်တော့မို့ တောင်းပန်ပါတယ်အချစ်‌...။ အချစ်နောက်ကို လိုက်လာလို့ ကိုယ့်ကိုစိတ်များဆိုးနေမလားအချစ်ရေ..။ တောင်းပန်ပါတယ် အချစ်ကိုဆက်ချစ်ဖို့ သတ္တိမရှိခဲ့လို့၊အချစ်ကိုနာကျဉ်စေခဲ့မိလို့။ ကိုယ်လဲအချစ်ကိုချစ်တယ်။ နောင်ဘဝဆိုတာသာရှိခဲ့ရင် အချစ်နဲ့အတူ အိုမင်းသွားချင်တယ်။

Our LoveWhere stories live. Discover now