part 1

22.8K 1.2K 34
                                    

❤Unicode

"သခင်လေး..ပြန်ကြရအောင်နော်..သခင်ကြီးသိရင် ဒီညစာထမင်းငတ်လိမ့်မယ်..''

"ခဏလေးပါ ယွိပင်းရာ..ငါဒါလေးတော့ဝအောင်စားပါရစေဦး..ပါးပြန်မရောက်ခင်ငါပြန်မှာပါကွာ..''

ပါးပြန်မရောက်ခင်ပြန်မယ်ဆိုတဲ့စကားကို ယွိပင်းတော်တော်လန့်နေပြီဖြစ်သည်။ ဟိုတစ်ခေါက်အပြင်ထွက်တုန်းကလည်း အနက်ရောင်မိစ္စာတွေနဲ့တွေ့လို့ ခွေးပြေးဝက်ပြေး ပြေးရပြီးပြီ..။

ဒီတစ်ခေါက်တော့မရတော့ဘူး..။ နေမစောင်းခင်အရောက်ပြန်ခေါ်မှဖြစ်မယ်..။ ယွိပင်းအရပြန်ခေါ်မယ်ဟန်ပြင်ကာ ရှောင်းကျန့်ဘက်သို့လှည့်လိုက်သည်။

"သခင်....''

"ဟာ..ဟေ့လူကြီး..ခင်များတို့ယုတ်မာလှချည်လား..''

ယွိပင်းခေါ်သံတောင်မဆုံးလိုက်ခင်မှာ ရှောင်းကျန့်က လူအုပ်ကြီးထဲမှာ သူရဲကောင်းဝင်လုပ်နေပြီ..။ အရိုက်အနှက်ခံထားရပုံရှိသည့် ၁၅နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို အနောက်မှာကာထားပြီး အရှေ့ကတုတ်ကြီးကိုင်ထားတဲ့လူကြီးကိုရန်တွေ့နေသည်..။

"ဒီမှာကောင်လေး..မင်းအသားမနာချင်ရင်ဝေးဝေးသွားနေလိုက်..ငါတို့ဇယားထဲဝင်မပါနဲ့..''

"ဒီမှာကောင်ကြီး..အဲလေ..ဒီမှာလူကြီး..ခင်ဗျားမှာလူသားချင်းစာနာစိတ်မရှိဘူးလား..ကောင်မလေးအသားကနုနုလေး..ခင်ဗျားလက်ထဲကတုတ်ကြီးက နွားတောင်သတ်လို့ရတယ်..ကျုပ်ကမျက်စိရှေ့မှာမတရားတာမြင်ရင်ဝင်ပါရမှာပဲ..''

ယွိပင်းတစ်ယောက်ရန်ဖြစ်နေတဲ့သခင်လေးအနားသို့အပြေးသွားရသည်..။ မဟုတ်ရင်ဟိုလူကြီးကတကယ်ဗျင်းတော့မှာ.​။ အဲ့ဒီရှောင်းသခင်လေးဟာလေ သိုင်းလည်းမတတ် မှော်ပညာလည်းမတတ်ဘ​ဲနဲ့ အရမ်းလူတွင်ကျယ်လုပ်ချင်တာပဲ...။

"အာ...ဒီကလူကြီး..သခင်လေးအစားကျွန်တော်တောင်းပန်ပါတယ်ဗျာ..သခင်လေးကခေါင်းသိပ်မကောင်းလို့ပါ...ခွင့်လွှတ်ပါနော်...''

"ဘာ..ယွိပင်း..မင်းကအခုငါ့ကိုအရူးလို့ပြောလိုက်တာလား..ဒီမှာဟိုလူကြီး ကျုပ်ပြောမယ်..ခင်ဗျားကို ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွ​ဲလို့ရတယ်နော်...''

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now