3 (uni)

10K 701 23
                                    

"ဖတ်...ဖတ်...''

ကျိုးချန်တစ်ယောက် အနောက်ကနေ တစ်ယောက်ယောက်ပုတ်လိုက်တာကြောင့် လှည့်အကြည့်...

"အား !!! "

အရှေ့က ရုတ်တရက်မြင်လိုက်ရသောအရာကြောင့် အလန့်တကြားအော်မိသွားသည်။ အလွန့်အလွန်ကိုမှ ကြောက်ဖို့ကောင်းတဲ့ သရဲမျက်နှာဖုံးနဲ့ လူနှစ်ယောက် ။

သူလန့်သွားတာတွေ့တော့ တဟားဟားနဲ့ သူ့ကိုလက်ညှိုးထိုးပြီး အော်ရယ်နေသည်။ ကျိုးချန် ထိုနှစ်ယောက်အား မျက်မှောင်ကြုံ့ကာကြည့်လိုက်သည်။

"ဟား...ဟား..ကိုယ်ရံတော်ကျိုးချန်က သရဲကြောက်တတ်လိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူး..ဟဲ..ဟဲ..''

မိမိအား ရယ်ကျဲကျဲဖြင့်ပြောကာ မျက်နှာဖုံးဖယ်လိုက်တဲ့အချိန်မှာ ပေါ်လာတဲ့မျက်နှာကြောင့် ကျိူးချန်ရင်ထဲမှာ ပန်းတွေဝေသွားသည်။

"ဟာ..ရှောင်းသခင်လေး ရှာလိုက်ရတာဗျာ..လာ..လာ..ပြန်ရအောင် ဒီမှာကြာကြာနေလို့မကောင်းဘူး..''

ကျိုးချန်,ရှောင်းကျန့်အားလက်ဆွဲကာ ပြန်လှည့်မည်အလုပ်..

"အယ်..ကိုယ်ရံတော်ကြီး..ကျွန်တော်က အခုမှနန်းတော်ထဲကထွက်လာတာလေ..မပြန်သေးပါဘူး..''

"အမ်..ကျွန်တော်တို့ နန်းတော်ထဲမှာရှာသေးတယ်လေ..မတွေ့ပါဘူး..သခင်လေးကနန်းတော်ရဲ့ဘယ်နားမှာနေနေတာလဲ..''

"ဪ..အဲ့ဒါကလေ..ဟို..ဟို..''

ရှောင်းကျန့် ​ဖြေရကောင်းနိုးမ​ဖြေရကောင်းနိုးနှင့် စဥ်းစားနေရသည်။ ထိုစဥ် မိမိအားဆွဲထားသော ကျိုးချန်၏လက်ကဖြုတ်ချခံလိုက်ရကာ မိမိအားအနောက်သို့ဆွဲပို့လိုက်သောထိုလူသား။

ရိပေါ်အရှေ့ကနှစ်ယောက်အား ရပ်ကြည့်နေရင်း မျက်မွှေးစူးလာသည်။ ဟိုကျိုးချန်ဆိုတဲ့ကောင်ကလည်း စကားပြောတာတောင် အသားယူပြီး ကောလက်ကိုဆွဲထားသေးသည်။ ကြည့်မရတော့တဲ့အဆုံး ကျိုးချန်လက်ကိုဖြုတ်ချလိုက်ပြီး အနောက်သို့ပို့ပစ်လိုက်သည်။

"ဒီမှာ မင်းကဘာကောင်မို့လို့ငါ့လက်ကိုဖြုတ်ချရတာလဲ..သတ္တိရှိရင်မျက်နှာဖုံးချွတ်လိုက် ဟျောင့်..''

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Donde viven las historias. Descúbrelo ahora