14(uni)

4.2K 352 27
                                    

"လုရီ..လုဟွားဆီကဘာသတင်းရလဲ ''

လုရှင်းဟန်က လက်စွဲတော်ဓားကို အနက်ရောင်ပဝါနဲ့သုတ်နေရင်း လုရီကိုမေးသည်။

"တာဝန်ကို လုပ်ဆောင်ပြီးပါပြီလို့ သတင်းပို့လာပါတယ် အစ်ကိုတော်..ဒါပေမယ့် ''

"ဒါပေမယ့်ဘာဖြစ်လဲ..ဆက်ပြောလေ..''

"လုဟွားက ဝမ်ရိပေါ်ကိုလိုချင်ပါတယ်တဲ့အစ်ကိုတော်..ဝမ်ရိပေါ်ကိုတောင်းထားပါတယ် ''

လုရှင်းဟန်က လုရီရဲ့စကားကို ခဏမျှစဥ်းစားလိုက်ပြီး..

"ကောင်းပြီလေ..ပေးမယ်လို့ပြောလိုက်..အခုအကျဥ်းထောင်ကိုသွားမယ် ရှောင်းကျန့်ကိုသွားကြည့်ရအောင် ''

လုရှင်းဟန်က လုရီကိုခေါ်ပြီး အကျဥ်းထောင်ကိုထွက်လာသည်။

"တံခါးဖွင့်လိုက် ''

လုရှင်းဟန်က  အကျဥ်းထောင်ဂိတ်စောင့်ကို တံခါးဖွင့်ခိုင်းပြီး အကျဥ်းထောင်ထဲကို ဝင်လာသည်။

"သူ့ကိုနှိုးလိုက် ''

လုရှင်းဟန်က အချုပ်ခန်းထဲမှာ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို နှိုးခိုင်းလိုက်သည်။

"ဗွမ်း..''

မျက်နှာကိုလာစင်တဲ့ရေစက်တွေ​ကြောင့် ရှောင်းကျန့်အိပ်နေရာမှလန့်နိုးသွားရသည်။

"ဝေ့..မင်းတို့ငါ့ငိုနှိုးရင် ဖြေးဖြေးသက်သာနှိုးလို့မရဘူးလား..သေမလို့ရေနဲ့ပဲပတ်နေရတာလား ''

ရှောင်းကျန့်က ထိုလူတွေကို စိတ်တိုတိုနဲ့အော်ပစ်လိုက်သည်။ သူအကျဥ်းထောင်ကိုရောက်နေသည်မှာ ဒီနေ့နဲ့ဆို ၆ ရက်ရှိနေပြီဖြစ်သည်။

၆ရက်လုံးလုံးလည်း သူ့ကိုဘာမှမကျွေး ။ ကောင်လေး ခိုးကြောင်ခိုးဝှက်နှင့် ယူလာပေးသော သစ်သီးတွေကိုသာစားရသည်။ အကျဥ်းထောင်ရဲမက်တွေက မထင်ရင်မထင်သလို နှိပ်စက်တတ်သေးတာကြောင့် ရှောင်းကျန့်မှာမသာယာလှပေ။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now