9(uni)

4.6K 381 17
                                    

"ကော..မောင်ညီလာခံသွားတော့မယ်..''

"အင်း..မောင်..ကောနေ့လယ်စာစားဖို့စောင့်နေမယ်နော်..''

"ဟုတ်ကော..အရမ်းချစ်တယ်နော်..မွမွ  ''

ရိပေါ် ကောရဲ့နှုတ်ခမ်းလေးကိုအနမ်းပေးလိုက်ပြီး ညီလာခံခန်းမသို့ထွက်လာခ​ဲ့သည်။ အမတ်တွေလည်းရောက်နှင့်နေပြီဖြစ်တာကြောင့် လျှောက်တင်သမျှအကြောင်းအရာတွေကိုနားထောင်ပေးပြီး ​ဖြေရှင်းဖို့နည်းလမ်းတွေကိုပြောနေလိုက်သည်။ ထိုချိန်ရဲမက်တစ်ဦးဝင်လာပြီးသည်။

"အရှင် ကိုယ်ရံတောင်ကျိုးချန်အခစားဝင်ကြောင်းပါ...''

"ဝင်ခိုင်းလိုက်ပါ..''

ရိပေါ်ရဲ့စကားအဆုံး ယွိပင်းကကျိုးချန်ကိုတွဲကာ ညီလာခံခန်းမထဲသို့ဝင်လာသည်။

"ကျိုးချန်ဒဏ်ရာရလာတာလား..''

"မပြောပလောက်ပါဘူးအရှင် မိစ္စာနက်တွေက တော်တော်ကိုအတင့်ရဲလာကြပြီ နယ်စပ်ကမြို့တွေတော်တော်များများကို လွှမ်းမိုးနေပါပြီ..ကျွန်တော်တစ်ယောက်တည်းဖြေရှင်းဖို့က ခက်ခဲနေပါတယ်အရှင်..''

"အနားယူလိုက်ပါဦးကျိုးချန် ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းလိုက်မယ်..''

ရိပေါ်,ကျိုးချန်အားပြန်နားခိုင်းလိုက်ပြီး အကြီးအကဲတွေနဲ့နယ်စပ်မြို့တွေဘ​က်သို့သွားရန် အစီအစဥ်ဆွဲနေလိုက်သည်။

ညီလာခံပြီးတာနဲ့ အဆောင်တော်ကိုသာ တန်းပြန်ခဲ့လိုက်သည်။ ချစ်သူနဲ​့အ​တူ နေ့လယ်စာစားရန်ကတိပြုထားသည်လေ။

အဆောင်ထဲရောက်တော့ စားပွဲခုံပေါ်မှာ စံပယ်ပန်းတွေသီနေသော ဧကရီလေးအားတွေ့လိုက်ရတာကြောင့် အလိုလိုပြုံးမိရသည်။ ပန်းသီတာကိုအာရုံစိုက်နေတဲ့ဧကရီလေးက သူ့ပြန်လာတာကိုသတိထားမိဟန်မတူ။ ခြေသံကိုခပ်ဖွဖွနင်းကာလျှောက်ပြီး ကောရဲ့နောက်မှနေကာ ရင်ခွင်ထဲသို့ သိုင်းဖက်လိုက်သည်။

"ဟင်..ရိပေါ်လေး ပြန်ရောက်နေတာလား ကောမသိလိုက်ဘူး..''

"ဟွန့်..ကောကအဲ့ပန်းတွေကိုပဲအာရုံရောက်နေတာကို မောင့်ကိုသတိမှမရတာ..မောင်ရောက်နေတာဘယ်သိပါ့မလဲ..''

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Wo Geschichten leben. Entdecke jetzt