part 5 (uni)

6.7K 520 21
                                    

"ရိပေါ်လေး လမ်းခရီးမှာဂရုစိုက်နော်..ထိခိုက်ဒဏ်ရာမရဘဲပြန်လာခဲ့နော် ''

"စိတ်ချပါကောရဲ့ ကျွန်တော်ကောဆီကို အန္တရာယ်ကင်းကင်းနဲ့ပြန်လာခဲ့မယ်နော်..''

ရိပေါ် တဖွဖွမှာနေတဲ့ကောရဲ့ ခါးသိမ်သိမ်လေးကို ရင်ခွင်ထဲတင်းကြပ်စွာဖက်ထားရင်း ခရီးစဥ်အတွက် အားအင်တွေယူနေမိသည်။

ခဏကြာအောင်ဖတ်ထားပြီးသည့်နောက်ရင်ခွင်ထဲမှထုတ်လိုက်ကာ ကောရဲ့ဘယ်ဘက်လက်ကောက်ဝတ်လေးကိုကိုင်ပြီး မန္တန်တစ်ခုကိုရွတ်လိုက်သည်။ မန္တန်ရွတ်လို့အပြီးမှာတော့ ကောရဲ့လက်ဖဝါးလေးမှာဖီးနစ်ငှက်ပုံစံလေးပေါ်လာပြီးခဏကြာတော့ ပြန်ပျောက်သွားသည်။

"ရိပေါ်လေး..အဲ့ဒါဘာလုပ်တဲ့ဟာလဲဟင် ''

"ကောရဲ့လက်ကောက်ဝတ်ကို အုပ်ကိုင်လိုက်ပြီး ကောစိတ်ထဲကနေ ပြောချင်တဲ့စကားကိုအာရုံစိုက်ပြီးပြောကြည့်..''

ရိပေါ်ပြောတဲ့အတိုင်း ကောကသူ့ရဲ့လက်ကောက်ဝတ်လေးကို နောက်လက်တစ်ဖက်နှင့် အုပ်ကိုင်လိုက်ပြီး မျက်လုံးလေးမှိတ်လိုက်သည်။ ကောစိတ်ထဲကနေ ပြောလိုက်တာက စကားလုံးခြောက်လုံးထဲဆိုပေမယ့် ရိပေါ်အတွက်တော့ အဆုံးစွန်သော ပျော်ရွှင်မှုကိုဖြစ်စေသည်။

"ကော..ဒီမှာကြည့်ကြည့် ''

ရိပေါ် သူ့ရဲ့အင်္ကျီလက်ကလေးကိုလှန်တင်လိုက်ပြီး သူ့ရဲ့လက်ကောက်ဝတ်မှာပေါ်နေတဲ့ စာလုံးလေးတွေကိုပြလိုက်သည်။ ရိပေါ်ရဲ့လက်မှာပေါ်နေတဲ့စကားလုံးက

"ရိပေါ်လေးကိုချစ်တယ်'' တဲ့

ထိုအရာကိုတွေ့တော့ ကောကမျက်လုံးလေးပြူးပြီးကြည့်သည်။

"ကော ကျွန်တော့်ကိုတစ်ခုခုပြောချင်တယ် မှာချင်တယ်ဆိုရင် ခုနကလိုလေးလုပ်ပြီးပြောလိုက်..ကောပြောလိုက်တဲ့စကားတွေက ကျွန်တော့်လက်ပေါ်မှာ ခုလိုလေးပေါ်တယ်..''

"အဲ့ဒါဆို ကောကရိပေါ်လေးကို တစ်ခုခုပြောချင်ရင် ဒီလိုလေးလုပ်လိုက်ရုံနဲ့ရတယ်ပေါ့နော်..''

"အင်း..ဟုတ်တယ်ကော..''

လက်​ေကာက်ဝတ်လေးကိုကိုင်ကာပျော်နေသောကောကို ရိပေါ်ပြုံးပြုံးလေးငေးကြည့်နေမိသည်။ ခဏကြာတော့ ကျိုးချန်ရောက်လာသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now