15 (uni)

4.6K 417 20
                                    

နံနက်ရောင်နီပျိုးချိန် အဖြူရောင်မိစ္စာနယ်မြေရဲ့နယ်စပ်မှာရှိနေတဲ့ စစ်တလင်းပြင်တွင် စစ်သည်တပ်သားနှစ်ဖွဲ့ဟာ မျက်နှာချင်းဆိုင်ရပ်လို့နေကြသည်။

လုရှင်းဟန်က ဝမ်ရိပေါ်ကိုလှောင်ပြုံး,ပြုံးကာကြည့်နေသည်။ သူ့ရဲ့ဘေးမှာလုရီကရပ်နေပြီး တပ်သားသုံးသောင်းကအနောက်ဘက်မှခြံရံထားသည်။ ဝမ်ရိပေါ်ကတော့ သူ့မူပိုင်မျက်နှာသေနှင့် ဘေးတွင်ကျိုးချန်တို့သုံးယောက်ကရပ်နေသည်။ သူတို့အနောက်မှာ ကျားစီးစစ်သည် တစ်ထောင်နဲ့ ခြေလျင်တပ်သားသုံးသောင်းကရပ်နေသည်။

"ဝမ်ရိပေါ်..ဒီနေ့တော့မင်းသေနေ့စေ့တဲ့နေ့ပဲ..ငါက ဒီကမ္ဘာကြီးကိုအုပ်စိုးတော့မှာ..အဟက် !''

လုရှင်းဟန်က ခနဲ့တဲ့တ​ဲ့စကားဆိုလာသည်။ လုရှင်းဟန်ရဲ့စကားကိုမခံနိုင်စွာ ကျိုးချန်ကပြန်ပြောသည်။

"မင်းတို့စစ်သည်သုံးသောင်းလောက်နဲ့များ ငါတို့ရဲ့ကျားစီးစစ်သည်တစ်ထောင်နဲ့အရင်ယှဥ်ကြည့်စမ်းပါဦး ပြီးမှဆက်ပြောကြတာပေါ့..''

"ဟား..ဟား..ခွေးတွေကသစ္စာရှိလွန်းတယ်..သခင်အစားဟောင်ပေးရှာတယ်..အဟက်..ဒါပေမယ့် ဘယ်လိုလုပ်မလဲ အမှန်တရားကနည်းနည်းတော့ခါးတယ်..ဖြစ်လာသမျှကိစ္စတွေအတွက်တော့ အချစ်ကြောင့်မျက်စိကန်းနေတဲ့ မင်းတို့ရဲ့အဖြူရောင်မိစ္စာဘုရင်ကြီးကိုသာ အပြစ်တင်ကြပေါ့..''

"အား...အား...''

လုရှင်းဟန်ရဲ့စကားဆုံးတာနဲ့ လဲကျကုန်တဲ့ကျားစီးစစ်သည်တွေကိုကြည့်ပြီး ရိပေါ်ကလွဲလို့ အကုန်အံ့အားသင့်နေရသည်။ အရှေ့မှာဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်ပြီး နားမလည်နိုင်ဖြစ်ရသည်။ လုရှင်းဟန်က သူတို့ကိုကြည့်ပြီး ဟားတိုက်ရယ်နေတာကြောင့် တရားခံဘယ်သူလဲဆိုတာ ပြောစရာတောင်မလိုပေ။

"ဝမ်ရိပေါ်..ဝမ်ရိပေါ်..ရှောင်းကျန့်ကိုဓားစားခံလုပ်ရတာ တကယ်အသုံးဝင်တာပဲ..ဟား..ဟား..''

"မင်း..ကောကိုဘာလုပ်လိုက်တာလဲ..''

"အဟက်..မင်းရဲ့ချစ်လှစွာသောရှောင်းကောကောက လွန်ခဲ့တဲ့ခြောက်ရက်ထဲက မိစ္စာနက်နန်းတော်ရဲ့အချုပ်ခန်းထဲမှာ ကောက်ရိုးအခင်းနဲ့ နှစ်ပါးသွားကနေရတာကြာပေါ့..''

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now