7 (uni)

5.5K 422 1
                                    

ရိပေါ်တစ်​ယောက် မိစ္စာနန်းတော်တွင်ညီလာခံလုပ်နေရသည်။ မိစ္စာနက်တွေက တဖြည်းဖြည်းနဲ့ပိုဆိုးလာတာကြောင့် နယ်မြေခေါင်း​ေဆာင်တွေကိုဆင့်ခေါ်ကာ ခေါင်းချင်းဆိုင်ဆွေးနွေးနေရခြင်းဖြစ်သည်။

"အဲ့တော့..နျဲ့ခေါင်းဆောင်ပြောချင်တာက ချင်းဟယ်မှာ မိစ္စာကောင်က ညဘက်ဆိုလူတွေကိုဖမ်းစားနေတယ်ဆိုတဲ့သဘောလား..''

"လူတွေကိုဖမ်းစားနေတယ်ဆိုတာထက် ဝိဉာဉ်နဲ့အသွေးအသားတွေကိုစုတ်ယူနေတာပါအရှင်..''

"ဝိဉာဉ်တွေကိုစုပ်ယူတယ်ဆိုတော့ မိစ္စာနက်တွေက တော်တော့်ကိုဆိုးလာပြီပဲ..ကျိုးချန်..''

"ရှိပါတယ် အရှင်..''

"နျဲ့ခေါင်းဆောင်ပြန်တဲ့အခါလိုက်သွားပြီး ဒီကိစ္စကိုဖြေရှင်းပေးလိုက်ပါ..''

"ဟုတ်ကဲ့ပါအရှင်..''

"ဟုတ်ပြီ..ကျန်တဲ့ခေါင်းဆောင်တွေရော ဘာများတင်ပြစရာရှိသေးလဲ ''

"မရှိ....''

"ဝုန်း..ဒုန်း..အား!!!!! "

စကားမဆုံးသေးခင် ညီလာခံတံခါးပွင့်သံနှင့်အတူ ခန်းမအလယ်သို့လွင့်ကြလာသောအပြာနုရောင်ဝတ်စုံနှင့်လူတစ်ယောက်..။

"ချွင်..ချွင်..အရှင် ဒီလူကိုအရှင့်အဆောင်ရှေ့မှာ ရစ်သီရစ်သီနဲ့ ခိုးကြောင်ခိုးဝှက်လုပ်နေတာတွေ့လို့ ဖမ်းခေါ်လာခဲ့တာပါအရှင်..''

ရဲမက်သုံးယောက်က ထိုလူသေးသေးလေးကို ဓားနှင့်ချိန်ထားပြီး ရဲမက်တစ်ယောက်က လျှောက်တင်လာသည်။ ကျိုးချန်နဲ့ဟောက်ရွှမ်းကတော့ ရိပေါ်မျက်နှာကိုမြင်ပြီး ရဲမက်သုံးယောက်အစား လည်ပင်းတွေကြိမ်းနေပြီ..။

"ဒုန်း! မင်းတို့က ဘယ်ကသတ္တိတွေနဲ့ သူ့ကိုထိရဲတာလဲ..''

ရိပေါ် သူ့ရှေ့ကစားပွဲခုံအား လက်ဝါးနှင့်ရိုက်ချလိုက်သည်။ မနက်ခင်းညီလာခံတက်ရမှာမို့ ခရီးပန်းပြီးအိပ်ပျော်နေတဲ့ကောကို မနှိုးတော့ဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။

ယခုမူ မိမိရှေ့မှာပင် မိမိရဲ့ချစ်ရသူကိုဓားနှင့်ဝိုင်းချိန်ထားသော ထိုရဲမက်သုံးယောက်ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောက် ဒေါသထွက်မိသည်။ ကောကိုကြည့်တော့ ဓားသုံးလက်ကြားမှာ လက်ကလေးတွေတုန်ယင်ကာကြောက်နေပုံရသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now