12(uni)

4.3K 400 18
                                    

မိစ္စာနန်းတော်ကိုပြန်ဖို့ မနက်ကတည်းက​​​ပြင်ဆင်နေကြရသည်။ တပ်သားတွေအတွက်မြင်းတွေလက်ဆောင်ပေးလိုက်တာကြောင့် အလာခရီးထက် အပြန်ခရီးကပိုမြန်မည်ထင်သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ကာ မြင်းညိုကြီးဖြင့်အရှေ့ဆုံးကထွက်ခွာလာသည်။ အိမ်တော်တံခါးမှထွက်သည်နှင့် ခန္ဓာကိုယ်ပေါ်သို့ကြွေကျလာသော ပန်းပွင့်ချပ်များနှင့်အတူ အရှင်ဘုရင် ကျန်းမာသက်ရှည်ကြောင်း ဆုတောင်းပေးနေကြသည့် မြို့သူမြို့သားများဟာလည်း လမ်းမဘေးတွင် အစီအရီဂါရဝပြုလျက်ရှိကြသည်။ အမှန်ပင် ပန်းပွင့်ချပ်များဟာ ကြဲဖြန့်နေခြင်းဖြစ်သည်။

အရှင်နှင့်ဧကရီအပါအဝင် တပ်သားများ၊​ြမို့သူမြို့သားများ၏ မျက်နှာထက်တွင်လည်း အပြုံးပန်းများကအစီအရီ..။တိုင်းပြည်ကိုကာကွယ်၊ ပြည်သူပြည်သားတွေကို ကာကွယ်ပေးပြီး ပြည်သူတွေရဲ့အချစ်ကို အပြည့်အဝရရှိတဲ့ခံစားချက်ဟာ ဒီလိုပါလားလို့တွေးမိကြပြန်တော့ ရင်ထဲမှာလှိုက်ဖိုကြည်နူးရပြန်သည်။

ဒီလိုပါပဲ မေတ္တာဆိုတာ အသွားရှိရင်အပြန်ရှိစမြ​ဲမဟုတ်လား..။ မေတ္တာရိပ်ဟာ အရာရာအေးချမ်းပါတယ်..။

တစ်ရန်အေးပြီဖြစ်တာကြောင့် နောက်ထပ်ကြုံရမယ့် အခက်အခဲများကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ရပါဦးမည်။

နွေရာသီရောက်ရှိလာပြီမို့ နှစ်စဥ်ပြုလုပ်နေကြ နွေဦးအမဲလိုက်ပွဲအတွက် မိစ္စာနန်းတော်တွင် လူအသီးသီးအလုပ်ရှုပ်နေကြသည်။ မြို့အသီးသီး၊ နယ်အသီးသီးမှ လာရောက်ပြိုင်ပွဲဝင်သူများလည်း အတော်များကြသည်။

ပြိုင်ပွဲမှာ အန္တရာယ်အများဆုံးသားကောင်နဲ့ သားကောင်အများဆုံးရရှိတဲ့သူ အနိုင်ရမှာဖြစ်သည်။ ဒီနှစ်အတွက် မိစ္စာဘုရင်ဝမ်ရိပေါ်ကိုယ်တိုင်ပါဝင်မှာဖြစ်တာကြောင့် အကုန်လုံးကတက်ကြွနေကြသည်။

"မောင်..အမဲလိုက်ရင်သတိထားနော်..ထိခိုက်ဒဏ်ရာမရစေနဲ့..မောင့်ရဲ့အသားကနုနုလေးရယ်..''

ရှောင်းကျန့်, ရိပေါ်ကိုဝတ်ရုံကူဝတ်ပေးနေရင်း တဖွဖွမှာနေရသည်။ အန္တရာယ်ဆိုတာမမြင်ရတာကြောင့် မည်မျှ​ပင်ခွန်အားကြီးနေ​ပါစေ ရှောင်းကျန့်စိတ်မချနိုင်ဖြစ်ရသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Waar verhalen tot leven komen. Ontdek het nu