💚16(uni)❤

5.5K 357 41
                                    

ရှောင်းကျန့်ကို လုရှင်းဟန်က ညီမဇောဖြင့် အပြင်းအထန်တိုက်ခိုက်တော့သည်။ တိုက်ပွဲဟာ တစ်စတစ်စနှင့် ပြင်းထန်လာသည်။

အခြေအနေမဟန်တော့တာကိုသိတဲ့လုရှင်းဟန်က အနောက်ဆုံးအဆင့်အနေနဲ့ မှော်မိစ္စာအတတ်ကိုထုတ်သုံးတော့၏။ အမဲရောင်အခိုးအငွေ့တွေက လုရှင်းဟန်ရဲ့တစ်ကိုယ်လုံးကို ဝန်းရံနေပြီး လက်ထဲကိုင်ထားတဲ့ကြာပွတ်ဟာ လျှပ်စီးတွေတလက်လက်တောက်လာသည်။

ထိုအခြေအနေအတွက် ပြင်ဆင်ထားတဲ့ရှောင်းကျန့်ကလည်း သူ့ရဲ့ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ အမဲရောင်အခိုးအငွေ့တွေက များလွန်းတာကြောင့် လုရှင်းဟန်ကိုတောင် သေချာမမြင်ရဘဲ အမဲလုံးကြီးလိုဖြစ်နေသည်။

လုရှင်းဟန်က ကြာပွတ်ကိုဝှေ့ရမ်းလိုက်ပြီး ရှောင်းကျန့်ဆီကို အမဲရောင်စွမ်းအားလုံးတွေပစ်လွှတ်တော့သည်။ သူ့ဆီရောက်လာတဲ့မီးခိုးလုံးတွေကို ရှောင်းကျန့်က ဓားနဲ့ကာ,ကာဖယ်ထုတ်နေရသည်။

အဆက်မပြတ်ကျရောက်လာတဲ့မီးခိုးလုံးတွေကြောင့် ရှောင်းကျန့်က သူ့ရဲ့အတွင်းအားကိုစုစည်းလိုက်ပြီး လေစွမ်းအင်ဖြင့် မီးခိုးလုံးတွေကိုခုခံသည်။

လုရှင်းဟန်နဲ့ရှောင်းကျန့်ရဲ့တိုက်ပွဲက ပြင်းထန်နေသလို ရိပေါ်တို့မှာလည်း ကျန်နေသေးတဲ့တပ်သားနှစ်သောင်းကို အလဲထိုးနေရသည်။

"ဝုန်း!''

"အားး!''

"ကော!''

ရိပေါ်ရဲ့အလန့်တကြားခေါ်သံနှင့်အတူ ရင်ခွင်ထဲကိုပြိုကျလာတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်...။ လုရှင်းဟန်ရဲ့နှလုံးတည့်တည့်မှာ စိုက်ဝင်နေတဲ့ ရှောင်းကျန့်ရဲ့ဓားမှာလည်း သွေးတွေတတောက်တောက်ကျလို့..။

တကယ်တော့ ရှောင်းကျန့်က ရိပေါ်ကို မကာကွယ်လိုက်နိုင်မှာကို ကြောက်နေခဲ့တာ..။ လုရှင်းဟန်က သူနဲ့တိုက်နေတုန်း စွမ်းအားတွေကိုစုစည်းလိုက်တာကြောင့် သူ့ဆီကိုပစ်မယ်ထင်ထားပေမယ့် ဦးတည်ချက်က ရိပေါ်ဆီကိုပြောင်းသွားတာမို့ ရှောင်းကျန့်လန့်သွားရသည်မှာအမှန်..။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Donde viven las historias. Descúbrelo ahora