part 6 (uni)

6.4K 486 23
                                    

"ကော..ပင်ပန်းနေပြီလား..''

"ဟင့်အင်း မပင်ပန်းပါဘူးရိ​ေပါ်လေးရဲ့ ရိပေါ်လေးရော..ဗိုက်ဆာနေပြီလား ''

"ဟင့်အင်း ''

ရိပေါ်တို့ မိစ္စာနန်းတော်သို့ အပြန်ခရီးတွင်ဖြစ်သည်။ မြင်းတစ်ကောင်တည်းတွင် ကောကိုရင်ခွင်ထဲထည့်ကာ ​ခေါ်လာခဲ့ခြင်းဖြစ်သည်။ ပင်ပန်းမည်စိုး၍ ဝေါယာဥ်နှင့် လိုက်ခဲ့ပါဆိုသော်လည်း ရိပေါ်လေးနှင့် မြင်းတစ်ကောင်တည်းအတူတူစီးချင်ပါသည်ဟု ဆိုလာသောကြောင့် ကောရဲ့သဘောအတိုင်းသာလိုက်လျောခဲ့သည်။

ရှောင်းအိမ်တော်နှင့် မြို့ထဲစျေးလောက်သာရောက်ဖူးသောကောက လမ်းတစ်လျှောက်မြင်သမျှအရာတွေကို အထူးအဆန်းလုပ်ကာ လိုက်ကြည့်နေလေသည်။ သိချင်တာတွေကို တစ်လမ်းလုံးမေးလာသော ကောရဲ့ အသံဆာဆာလေးကြောင့် တစ်လမ်းလုံးမပျင်းရအောင် ပျော်စရာကောင်းလှသည်။

ယွိပင်းနှင့်ကျိုးချန်ကလည်း တစ်လမ်းလုံးရေပက်မဝင်အောင် စကားပြောလာသည်။ ရှောင်းက​ျိရန်ဆီက အဖြေမရသေးသော ဟောက်ရွှမ်းကတော့ အရှေ့ကအတွဲကိုကြည့်ပြီး မနာလိုအားကျဖြစ်နေလေရဲ့။

တစ်နေ့လုံးခရီးနှင်လာပြီးသည့်နောက် ရီလင်မြို့သို့ရောက်လာခဲ့ကြသည်။ ရီလင်မြို့တွင် မီးပုံးပွဲတော် ရှိတာကြောင့် ညနေစောင်းလာသည်နှင့် လူစည်ကားနေပြီဖြစ်သည်။ ရိပေါ်တို့အဖွဲ့လည်း တည်းခိုဆောင်တစ်ခုတွင် အခန်းငှားကာ ခရီးတစ်ထောင့်နားလိုက်ကြသည်။

"ရိပေါ်လေး..အပြင်မှာဘာလို့ လူတွေအရမ်းများနေတာလဲဟင်..''

"ဒီည ရီလင်မှာ မီးပုံးပွဲတော်ရှိတယ်လေကောရဲ့ ညကျရင် ကောကိုလိုက်ပို့ပေးမယ်..''

"တကယ်လား..''

"အင်း..''

"ဟီး..အဲ့ဒါကြောင့် ရိပေါ်လေးကိုချစ်တာ..မွမွ..ကောရေသွားချိုးတော့မယ်နော်..''

ပါးကိုဖျက်ခနဲနမ်းကာ ရေချိုးဆောင်ထဲသို့ ခုန်ပေါက်ပြီးဝင်သွားသောကောက လက်မောင်းကဒဏ်ရာကို သတိရရဲ့လားမသိ။ စိတ်ပူရတဲ့ရိပေါ်ကပဲ ကောနောက်ကိုလိုက်သွားရပြန်သည်။ ရိပေါ်ရေချိူးဆောင်ထဲလိုက်ဝင်လာတော့ ​ေကာကမျက်လုံး​ေလးပြူးပြီးကြည့်လာသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now