17(uni) final

8.2K 435 17
                                    

ရှောင်းကျန့် အိမ်မှာနေနေရပေမယ့် သူ့ရဲ့စိတ်က ဝမ်ရိပေါ်ရှိနေတဲ့ဆေးရုံမှာသာ..။ အ​ရှေ့မှာ ဆွဲနေတဲ့စာရွက်ပေါ်က ပန်းချီဟာလည်း အမည်ဖော်မရ..။

Wang Gp ရဲ့ CEO တစ်ယောက်ဖြစ်နေသော်လည်း ကလေးစိတ်မကုန်သေးတဲ့ထိုကောင်လေးက ပိတ်ရက်မှာဆိုင်ကယ်လိုက်စီးရင်း အရှေ့ကလာနေတဲ့ကားနဲ့တိုက်မိသည်တဲ့..။

ဆေးရုံမှာဝမ်မားရှိနေသော်လည်း စိတ်မချနိုင်ဖြစ်ရသည်။ မိမိလိုက်သွားပြန်ရင်လည်း ထိုကလေးစိတ်အနှောင့်အယှက်ဖြစ်မည်စိုးတာကြောင့် လိုက်မသွားလိုပေ။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ညစာစားပွဲတစ်ခုမှာတွေ့ပြီး ချစ်ခဲ့မိတာကြောင့် ရှောင်းပါးကိုအတင်းအကြပ်ပူဆာကာ ရိပေါ်ကိုလက်ထပ်ခွင့်ရအောင်လုပ်ခဲ့ခြင်း..။

အတိတ်ဘဝမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှောင်းကျန့်မသိ..။ ပန်းချီဆွဲတယ်ဆိုတာကလည်း ဖတ်ခဲ့ဖူးတ့ဲဝတ္ထုထဲက မိစ္စာဘုရင်ကြီးနဲ့ဧကရီတို့ရဲ့ ဇာတ်သိမ်းလေးက ရင်နာစရာကောင်းလွန်းတာကြောင့် ပန်းချီအဖြစ်ပုံဖော်ချင်တာပင်..။ ချစ်လွန်းလို့အရယူခဲ့မိတာကြောင့် ကလေးငယ်ဆီက အမုန်းတွေသာပြန်ရခဲ့သော်လည်း သူနည်းနည်းမှမငြိုငြင်မိ.. ။ ချစ်သည်ကိုး ။

"Love me like you do la la love me like you do ''

ရှောင်းကျန့်ရဲ့အတွေးတွေကိုဖျက်ဆီးလိုက်တာက သူ့ဖုန်းကထွက်ပေါ်လာတဲ့ ringtone သံ..။ contact name ကိုကြည့်လိုက်တော့ တစ်ခါမှမဝင်ခဲ့ဖူးသည့် ''အစိမ်းလုံးလေး'' တဲ့..။ ရှောင်းကျန့် ချက်ချင်းပဲဖုန်းကိုကိုင်လိုက်သည်။ ဒီကလေးကို နည်းနည်းလေးတောင် မစော​င့်ဆိုင်းစေချင်ပေ..။

"ဝေ..ရှောင်းကျန့်လား..''

ဖုန်းထဲကထွက်ပေါ်လာတဲ့ ​ြသရှရှအသံလေးမှာ ရှောင်းကျန့်အခါခါသေရပါသည်။ ဒါက ရိပေါ် သူ့ဆီကို ပထမဆုံးအကြိမ်ဖုန်း​ေခါ်ခြင်းပင်..။

"ဝေ..​ရှောင်းကျန့် ကြားလား..''

ရှောင်းကျန့် ဘယ်လောက်တောင်သတိလွတ်နေမိသည်မသိ..။ ထို​ြသရှရှအသံလေး နောက်တစ်ကြိမ်ထွက်ပေါ်လာမှ သတိကပ်ရသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now