8 (uni)

5.3K 418 11
                                    

မိစ္စာနန်းတော်၏ အကျဥ်းတိုက်ထဲတွင်..

"ဟိုကောင်ကို ငါ့ရှေ့ခေါ်ခဲ့..''

မိစ္စာဘုရင်ရဲ့အမိန့်ပေးသံအဆုံး အကျဥ်းထောင်စောင့်တစ်ဦးက လူတစ်ယောက်ကိုဆွဲခေါ်လာကာ အရှင်သခင်၏ရှေ့မှောက်တွင်ဒူးထောက်စေသည်။

ရှင်ဘုရင်၏ လက်တစ်ဖက်မြှောက်လိုက်သည်နှင့်  ကြာပွတ်တစ်ချောင်းက လက်ထဲသို့အဆင်သင့်ရောက်လာသည်။

အကျဥ်းထောင်ထဲရှိ တစ်ခုတည်းရှိသောထိုင်ခုံပေါ်တွင် ထိုင်နေသောအရှင်က ကြာပွတ်ကို ဘယ်ညာရမ်းရင်း ခြေရင်းမှာ ဒူးထောက်လျက် တုန်ယင်နေသော ထိုလူအားစိမ်ပြေနပြေကြည့်နေသည်။

အရှင်သခင်က ရဲမက်နှစ်ယောက်အား မျက်စပစ်ပြလိုက်သည်နှင့် ဒူးထောက်နေသောလူ၏လက်နှစ်ဖက်ကို တိုင်မှာချည်လျက် မတ်တပ်အနေအထားဖြင့်နေစေသည်။

"အရှင်..ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ..မသိလို့လုပ်မိတာပါ..အရှင်..ကျွန်တော့်ကိုခွင့်လွှတ်..''

"ရွှမ်း!!!''

"အားးးးးးး! ''

တောင်းပန်စကားသံမဆုံးခင် ကျောပေါ်သို့ရောက်လာသော ကြာပွတ်၏ရိုက်ချက်ကြောင့် စကားသံများထပ်မထွက်နိုင်တော့ပေ။

"မင်းအစကတည်းက အခုလိုလုပ်ရပ်မျိုးကို မကျူးလွန်ခဲ့သင့်ဘူး..ကျန်တဲ့သူနှစ်ယောက်ကိုပါတစ်ခါတည်းခေါ်လာခဲ့..''

အရှင့်ရဲ့အမိန့်သံအကြား တုတ်တုတ်မျှမလှုပ်ရဲသောရဲမက်တွေက ကျန်တဲ့နှစ်ယောက်ကိုပါ ခေါ်ထုတ်လာကြသည်။ ထိုနှစ်ယောက်ကိုလည်း ပထမလူကဲ့သို့တိုင်မှာကပ်ချည်လိုက်ကြသည်။

"ဟက်..မင်းတို့ကများ ရာရာစစ ငါ့ရဲ့ဧကရီကိုစော်ကားရဲတယ်ပေါ့..''

"ရွှမ်း!''

"အားးးးးး!''

"မင်းကများ ရာရာစစ ငါ့ဧကရီကို ဟားတိုက်ပြီးရယ်ရဲတယ်ပေါ့..''

"ရွှမ်း!''

"အားးးးး! ''

"မင်းကများ ရာရာစစ ငါ့ရဲ့ဧကရီကိုတံတွေးနဲ့ထွေးရဲတယ်..''

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Where stories live. Discover now