ep.2

5.3K 467 33
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၂)

ဝမ်ပေါက်စလေး အိပ်ယာကနိုးပြီ၊ ခုမှဥကအကောင်ပေါက်စလေး အတောင်ညောင်းလို့ အတောင်လေးတွေ ဖြန့်နေသလို ၊ပျင်းကြောတွေဆန့်၊ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ သန်းဝေးပြီး၊ ဘေးဘီဝဲယာကို လိုက်ကြည့်နေပါပြီ။ ဘုရားတရားသာ တထားကြပေတော့။

မိုးလင်းလို့ အိပ်ယာ နိုးတာနဲ့  ကြညိကြည်သာသာထလာတယ်မရှိ တစ်ယောက်ယောက်ကို အမြဲပြဿနာရှာပြီးမှ အိပ်ယာထတတ်တာ ဝမ်ပေါက်စလေးရဲ့အကျငိ့။

"ဒါကဘာကြီးလဲ အရည်သွေးနိမ့်တဲ့ ပစ္စည်းတွေကြောင့် အာ့လိုပဲခေါင်းအမြဲကိုက်နေရတယ်''

သူဆွဲဆွဲဆောင့်လွန်းလို့ ရှည်ထွက်နေတဲ့ ခြေအိတ်ကို ကိုင်ပြီးပြောနေတာပါ။အာ့လိုပဲ မနက်အိပ်ယာ ထကာစဆို အရေးမပါတာကလည်း သူ့အတွက် အရေးကြီးချင်ကြီးနေတတ်ပြန်တယ်။

"အမလေး ငါပြောဖို့လည်း ထားပါအုံး ဝမ်ရိပေါ်...ငါ့မျိုးရိုးနာမည်ပါပြောင်းပစ်ချင်နေပြီ...မင်းနဲ့အမျိုးမတော်ချင်တော့ဘူး''

"ဖိုးဖိုးကလည်း''

"မင်းလာခဲ့''

ဖိုးဖိုးနဲ့ စကားစစ် မထိုးအား...ဘေးကရပ်နေတဲ့ကောင်လေးကို လက်ယပ်ခေါ်နေတာပါ။

"ဒါ မလျော်ထားရ သေးဘူးမှတ်လား''

"သခင်လေးအခန်းထဲမှာ ရှိသမျှအကုန် လျော်ပီးသားတေကြီးထည့်ထားတာ​ပါ''

"မီးပူတော့ တိုက်မထားဘူးမှတ်လား''

"အဲဒါတော့....

အေးလေ လျော်တာမီးပူတိုက်တာ သူ့အလုပ်မှမဟုတ်တာ သူဖြေတတ်မလား။
ကောင်လေးက အိုးနင်းခွက်နင်းနဲ့ မဖြေနိုင်တော့ပါဘူး။ခေါင်းလေးကုတ်နေတာ... ဝမ်ရိပေါ်ရစ်သမျှ ဘယ်သူဖြေနိုင်ဖူးလို့လဲ။

"သွားအခါ ငါးဆယ် ဒိုက်ထိုးမလား ၊အလုပ်ထွက်မလား''

"ဗျာ..ထိုး. ထိုးပါ့မယ်''

ဝမ်အိမ်တော်ကနေဘယ်သူမှ အလုပ်မထွက်ချင်ကြဘူး။ ဝမ်ရိပေါ် ရစ်တယ် ဆိုးတယ် ဆိုပေမယ့် လစာကောင်းတယ်​လေ။ သူ့ဒဏ်ခံနိုင်ဖို့ ဝမ်ဖိုးဖိုးခမျာ လစာတွေ ပိုပေးထားရတာပါ။

ဝမ်ချိုချိုလေးWhere stories live. Discover now