ep.10

3.5K 313 17
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၀)

"ဟျောင့် ဟျောင့် မင်းမွေးနေ့မှာ ဘယ်ပျောက်နေတာလဲ ငါတို့ကို ပလစ်ထားတယ်နော်''

"ပလစ်ခံရတယ်ဆိုမှ မင်းတို့အရေးမပါလို့ပေါ့ကွာ... ဟား...ဟား.''

"မင်း...သေပေတော့''

သူငယ်ချင်းတွေနဲ့ စနောက်ရင်း ဦးcompanyရောက်လာခဲ့တယ်။ ဝမ်နင်နဲ့စစ်ကျွေးက ကောင်တာက ကောင်မလေးတွေငမ်းမယ်ဆိုပြီး ထွက်သွားပြီ သူကတော့ ဦးဆီသွားမယ်ပြင်တုန်း ဝမ်ချောင်နဲ့တွေ့တယ်။

"ဘာလာလုပ်တာလဲ ဒီနေရာမလာနဲ့ပြောထားတယ်လေ''

"မင်းဆီလာတာမဟုတ်ဘူး အစ်ကိုဆီလာတာ မင်း​ကြောင့်ငါတို့သားမိ အိမ်ပေါ်ကနှင်ချခံရတာ ကျေနပ်တယ်မထင်နဲ့ အကြွေးပြန်ဆပ်အုံးမှာ''

"ဘာလာလုပ်တာလဲဆိုတော့ အစ်ကိုနဲ့ညစာစားဖို့လာတာလေ''

ဟိုကငြင်းလိုက်တာကိုတော့ ချန်လှပ်ထားရင်းပေါ့။

အစ်ကို အစ်ကိုဆိုတာဘယ်သူ့ကိုပြောတာလဲ ။ဦးတော့မဟုတ်လောက်ပါဘူးနော်။

"မင်းဦးရဲ့ မက်မွန်သီးလေးက လုံးကစ်နေတာပဲ ငါကိုင်ကြည့်ချင်တယ် ရမလား''

"ဘာကွ.. မင်း..''

ခွပ်

ဝမ်ချောင်မျက်နှာလည်ထွက်သွားတော့ တအံ့တသြရပ်ကြည့်နေတဲ့ ရှောင်ကျန့်ကို တွေ့တာမို့ ရိပေါ်ကိုပြန်မလုပ်ပဲ အသာလေးငြိမ်နေလိုက်တယ်။
သူတို့ပြဿနာဖြစ်နေတာမြင်တော့ ဝမ်နင်နဲ့စစ်ကျွေးက ရိပေါ်ကိုလာဆွဲခေါ်တယ်။

ရှောင်ကျန့်က အားနာပြီးဝမ်ချောင်ဘာဖြစ်သွားသေးလဲ သွားမေးတယ်။

"ရပါတယ်ဗျာ ဘာမှမဖြစ်လောက်ပါဘူး...ကျွန်တော်က မင်းဦးမှာ မက်မွန်ခြံရှိတယ်ဆိုလို့ လိုက်ကြည့်လို့ရမလားမေးမိတာ...မကြိုက်ရင်လည်း ပါးစပ်ကပြောလို့ရရဲ့သားနဲ့''

ဝမ်ချောင်က နှုတ်ခမ်းထောင့်ကသွေးကို လက်နဲ့သုတ်ရင်းပြီးဖြေရင်း ရှောင်ကျန့်ကို ကြည့်တယ်။ ရှောင်ကျန့်က မေးနေတာကသူ့ကို မျက်လုံးက သူငယ်ချင်းနှစ်ယောက်ကြားရုန်းကန်နေတဲ့ ရိပေါ်ဆီမှာ။ခနကြာတော့ ဝမ်ချောင်ဘက်လှည့်လာပြီ...

ဝမ်ချိုချိုလေးWhere stories live. Discover now