ep.16

3K 317 31
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၆)

"ဒီနေ့က မြေးငယ်လေးအလုပ်စဝင်တဲ့နေ့ဆိုတော့ မြေးတို့ဌာနက ဝန်ထမ်းတွေအကုန်လုံးညစာလိုက်ကျွေးမယ် မြေးငယ်လေးကို အားလုံးဝိုင်းဝန်းစောင့်ရှောက် ပေးကြပါ''

ဝမ်ကျိုးချန်စကားကြောင့် အားလုံးပျော်ကုန်ကြတယ်။မိန်းကလေးတွေဆိုလည်း ခေါင်းချင်းဆိုင် တီးတိုးစကားတွေပြောကုန်ကြတယ် ဒါပေမယ့် မကြားချင်မှမဆုံး။

"ဟဲ့မြေးအငယ်ရှိသေးတယ်တော့ ကြားဖူးပါတယ် တခါမှမလာဖူးတော့ ခုမှမြင်ဘူးတယ် ချောလိုက်တာဟယ် ''

"ဒီဌာနမှာအလုပ်ဝင်မိတာတန်သွားပြီ နေ့တိုင်းခွန်အားဖြည့်အချိုရည်နဲ့တူတာလေးကို ကြညိ့ပြီးအလုပ်လုပ်မယ်''

မိန်းကလေးတွေပြောသမျှအကုန်ကြားရနေရတဲ့ ရှောင်ကျန့်က ခေါင်းခါရမ်းမိတယ်။ပြောရဲလိူက်ကြတာ သတ္တိတွေကောင်းနေတာ နင်တို့အစားငါဆုတောင်းပေးထားမယ်။

%%%

"ရော့ မိတ္တူသွားဆွဲလာခဲ့''

အလုပ်လုပ်နေတဲ့ ရိပေါ်ရှေ့ စာရွက်တစ်ထပ်ပစ်ချလို့ လာခိုင်းနေတဲ့ ဝမ်ချောင်။

"ရိပေါ်ဌာနကမှမဟုတ်ဘဲ ကိုယ့်ဌာနကလူကိုယ်ခိုင်းလေ''

"ဌာနမတူလည်း ကိုယ့်ထက်ရာထူးကြီးတဲ့လူကခိုင်းတာ လုပ်လိုက်လေ''

ဘေးကသူငယ်ချင်းနှစ်ယောက်က ထလာပြီမို့ပြဿနာမကြီးခင် ရိပေါ်ကပဲတားလိုက်ရတယ်။

"နေကြဦး ငါလုပ်လိုက်မယ်''

ဘေးမှာထောင်ထားတဲ့ စကိတ်လေးလက်ကချလို့ စီးပြီးထွက်သွားတဲ့ရိပေါ်ကို ဝမ်ချောင်က မဲ့ပြုံးကြီးနဲ့ကြည့်ပြီးကျန်နေခဲ့တယ်။စောင့်နေတာအတော်ကြာတဲ့အထိ ရိပေါ်ကပြန်မလာ။

"ဟ မိတ္တူစက်က ဟိုဘက်ခန်းမှာရှိတာမဟုတ်လား ဘာလို့ဒီလောက်ကြာနေတာလဲ ဟိုနှစ်ကောင်လိုက်သွားစမ်း''

ဝမ်နင်နဲ့ စစ်ကျွေးဒေါသဖြစ်ပေမယ့် ရိပေါ်နောက်သူတို့လည်းလိုက်ချင်နေတာမို့ မကြည်ကြည့်ပြီးထွက်လိုက်လာကြတယ်။ထွက်သွားတဲ့သူတို့လည်း အတော်ကြာတဲ့ထိပြန်မလာကြ ဝမ်ချောင်စိတ်အတော်မရှည်တော့ပြီ ဘေးကမိန်းကလေးတစ်ယောက်လွှတ်လို့ ထပ်လိုက်ခိုင်းသည်။

ဝမ်ချိုချိုလေးWhere stories live. Discover now