ep.18

2.8K 294 37
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၈)

ပြိုင်ပွဲက သုံးခု နှစ်မျိုးနိုင်တဲ့သူက အနိုင်ရပြီ။ ပထမတစ်ခုက ရိပေါ်ကနိုင်တယ်။နောက်တစ်ခုကို ကားပြိုင်မောင်းမယ်ပြောလာပေမယ့် ရိပေါ်က ဆိုင်ကယ်ပြိုင်မောင်း ကြမလားအကြံပြုတယ်။ရိပေါ်အကြံကို လော့ရှန်းကလက်ခံလိုက်ပြီး တစ်ယောက်ခြင်းပြိုင်ကြတယ်။ တကယ်ပြိုင်တော့ အားလုံးသိကြတဲ့အတိုင်း ရိပေါ်ကအနိုင်ရတယ်။သုံးခုမှာ နှစ်ခုဆက်တိုက်နိုင်ထားတဲ့ ရိပေါ်က နောက်တပွဲပြိုင်စရာမလိုပဲ autoအနိုင်ရခဲ့တယ်။

ကလေးပေါက်စဆိုပြီး အထင်သေးခဲ့တဲ့လော့ရှန်းက
ပထမဆုံးအကြိမ် အရှုံးကိုလက်ခံရပြီး ရှောင်ကျန့်အနားကလွင့်ထွက်သွားတော့တယ်။နောက်မှ ရိပေါ်ရဲ့ဆိုင်ကယ်စကေးတွေသိပြီး ဒေါသနဲ့နှစ်ပါးသွားနေရတော့တယ်။

ရှောင်ကျန့်ရှေ့ထိုးပေးလာတဲ့ ပန်းစီးလေး။

"ကျန့် မင်းဒီကောင်လေးကို ရွေးလိုက်တာလား''

ရှောင်ကျန့်ကဘာမှပြန်မပြောပဲ အသံတိပ်နေတယ်။ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့ လော့ရှန်းက ခေါင်းတဆတ်ဆတ်ညိမ့်လို့...

"မဆိုးပါဘူး.မင်းကံကောင်းမှာပါ ငါလည်းတခါလောက်ကံကောင်းဖူးခြင်တယ် ငါ့ကိုခနပေးမလား''

"ဘာ........မင်း...လစ်လိုက်တော့''

ဒါကသူ့အသဲကို အပ်နဲ့ဆွလိုက်တာပဲ ဒါမျိုးသည်းခံနေလို့မရဘူး။

"နောက်တာပါ ငါဒီနိုင်ငံကထွက်သွားတော့မယ် အာ့ကြောင့်လာနှုတ်ဆက်တာ''

လော့ရှန်းနဲ့ ပခုံးခြင်းဖက်နှုတ်ဆက်ကြပြီး နောက်အလှည့် မားမားကြီးရပ်ကြည့်နေတဲ့ ရိပေါ်ကြောင့်တုန်တက်သွားတယ်။

"ပေါက်စ ဘယ်ချိန်တည်းကရောက်နေတာလဲ မခြောက်လှန့်ချင်စမ်းနဲ့''

"ရိပေါ်ဘာမလုပ်ဘူးလေ ဦးကိုလာစောင့်နေတာကို''

လာခဲ့ဆိုပြီး ပေါက်စကိုဆွဲထုတ်လာရင်း ကားပေါ်ရောက်မှ...

"ကိုယ် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ် တလလောက်ကြာမယ်  ''

>>>>>>>

ဝမ်ချိုချိုလေးWhere stories live. Discover now