ep.20

2.9K 281 41
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၂၀)

"လယ်ကွင်းထဲမှာ ဝမ်သခင်လေးပိုးထိလို့''

ဘာ...

ဟာ...

ရှောင်ကျန့်နဲ့ ဝမ်ကျိုးချန် ရွာလူကြီးအချို့နှင့် စကားပြောနေရင်း လာပြောတဲ့လူငယ်လေးနောက်ပြေးလိုက်ကြတယ်။
သူတို့ပြေးသွားပေမယ့် ရွာသားတွေက ရိပေါ်ကိုခေါ်လာကြပြီ။

"မြို့ကိုပြန်မယ် ဆရာဝန်ကိုဖုန်းဆက် ဒီကိုချက်ချင်းလာခိုင်းလမ်းမှာဆုံရအောင် ''

"မလိုတော့ပါဘူးခင်ဗျာ ဒီမှာကျေးလက်ဆေးပေးခန်းရှိပါတယ် အဆိပ်မပျံအောင် ရှေးဦးသူနာပြုနည်းတွေလည်းအကုန်လုပ်ခဲ့ထားပါတယ် မြွေဆိပ်ဖြေဆေး အချို့လည်းရှိပါတယ် ဒါကျန်းမာရေးလှည့်လည်စစ်ဆေးပေးနေတဲ့အဖွဲ့ထဲက မြို့ကဆရာဝန်မလေးပါ''

"ဒီမှာ မြွေကိုလည်းသတ်ပြီး ယူလာခဲ့ပါတယ်''

မြွေအမျိုးစားကိုကြည့် မြွေဆိပ်ဖြေဆေးထိုး လိုအပ်တာတွေလုပ်ပြီးလို့ ရိပေါ်သတိရနေတာတောင် ဆရာဝန်မလေးက အနားကမခွာ သူပဲဒိုင်ခံပြုစုနေလို့ ရှောင်ကျန့်အနားကပ်ချင်တာတောင် ကပ်မရ။

မြွေကိုက်ခံရရင် ဖျားတတ်လား မဖျားတတ်လားတော့မသိ၊ အဖျားတိုင်းတာလည်း နဖူးစမ်းတာတခုတည်းရှိတဲ့အလား
မကြာခန နဖူးကိုစမ်းလို့ ဖျားသေးလား ကိုယ်ပူလားနှင့် ရိပေါ်နဖူးကို လက်နဲ့စမ်းလိုက် သူ့ပဝါနဲ့တို့လိုက်သုတ်ပေးလိုက်နှင့် ပေါက်စနဖူးကို လက်နဲ့သာသွားကာထားချင်တော့တယ်။လက်ကိုဆွဲယူလိုက်နဲ့
ရိပေါ်ကတော့ ယဲ့ယဲ့လေး လှမ်းလှမ်းပြုံးပြနေတယ်။

ဘယ်ချိန်မုန့်စားရမလဲ စောင့်နေရတဲ့ ကလေးလို ဘေးကမျော်နေရခြင်းကို စိတ်မရှည်တော့လို့ ထထွက်လာခဲ့လိုက်တယ်။
ကြာရင် ရိပေါ်နဖူးပဲပြေးရိုက်မိမလား ၊ ဆရာဝန်မပဲ ဆွဲလွှင့်ပစ်မိမလား မသိနိုင်ဘူးရယ်။

"ဒီနယ်ဘက်မှာ ဒီမြွေအမျိုးစား တခါမှမတွေ့ဖူးဘူး''

လယ်သမားကြီးတွေ ပြောနေတဲ့စကားကြားတော့ ရှောင်ကျန့်လှမ်းနေတဲ့ ခြေလှမ်းတွေ တုံ့ကနဲရပ်သွားမိတယ်။
ဝမ်ချောင်ကလည်း မျက်နှာပျက်သွားတယ်။တစ်ယောက်နဲ့တစ်ယောက် မျက်လုံးခြင်းစစ်ခင်းနေမိကြတယ်။တစ်ယောက်က မင်းလက်ချက်မဟုတ်လားဆိုတဲ့အကြည့်၊
တစ်ယောက်က ငါမဟုတ်ဘူးနော် ငါ့လာမစွပ်စွဲနဲ့ဆိုတဲ့အကြည့်။အကြည့်ခြင်း စစ်ခင်းနေတုန်းမှာပဲ ကလေးတစ်ယောက်က ရိပေါ်က ခေါ်ခိုင်းတယ်ဆိုပြီး လာခေါ်သွားတယ်။

ဝမ်ချိုချိုလေးWhere stories live. Discover now